အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဝက်နံရိုးချိုချဉ်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၈၀၀ ဂရမ်
  • တရုတ်ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇါန်း
  • သကြားညို ၁၀၀ ဂရမ်
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး

  • ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင်
  • လှော်ထားသော နှမ်းစေ့ဖြူ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲ ရေထည့်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ရေပွက်ပွက်ဆူလာပါက ဝက်နံရိုး၊ ဟင်းချက်ဝိုင်၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ ၃ မိနစ်ခန့် တည်ထားလိုက်ပါ။ ဝက်နံရိုးက အသွေးရောင်မရှိတော့ဘဲ ဖြူဖျော့ဖျော့အရောင်ပြောင်းသွားပါက အိုးထဲမှဆယ်ယူလိုက်ပါ။

၂။ အခြားသန့်စင်သော အိုးတစ်လုံးထဲသို့ ဝက်နံရိုးများကို ပြောင်းထည့်ပြီးနောက် ဝက်နံရိုး ၃ ပုံ ၂ ပုံခန့် ဖုံးသွားသည်အထိ ရေထည့်ထားလိုက်ပါ။ သကြား၊ ပဲငံပြာရည်အကြည်နှင့် ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ထည့်ကာ အဖုံးအုပ်ထားလိုက်ပါ။ ထို့နောက် ၈ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၃။ ဆူပွက်လာပါက အဖုံးဖွင့်လိုက်ပြီး မီးပြင်းပြင်းဖြင့် အရည်များပျစ်သွားသည်အထိ ဆက်တည်ထားရပါမယ်။ ကျန်ရှိနေတဲ့ ရှာလကာရည် စားပွဲတင်ဇွန်း တစ်ဇွန်းထပ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်နံရိုးချိုချဉ်ဟင်းလေး ရရှိသွားပါပြီ။ စားခါနီးကျမှ နှမ်းစေ့များဖြူးကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com