ဆီချက်ခေါက်ဆွဲ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူတဲ့ တရုတ်စတိုင်လ် ဆီချက်ခေါက်ဆွဲပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နှမ်းနှစ် (သို့) မြေပဲထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ခေါက်ဆွဲခြောက် ၁၂ အောင်စ
  • လှော်ပြီးသား မြေပဲ စားပွဲတင်ဇွန်း ၅ ဖွန်း
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးတွင် နှမ်းနှစ် (သို့) မြေပဲထောပတ်၊ နှမ်းဆီနှင့် ရှာလကာရည်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။

ထို့နောက် ပဲငံပြာရည်အကြည်နှင့် အနောက်၊ ဆား၊ ငရုတ်ကောင်းစေ့၊ ငရုတ်ဆီ၊ သကြားနှင့် ကြက်ပြုတ်ရည်တို့ ထပ်ပေါင်းထည့်ကာ သမအောင် ရောမွှေပါ။

၂။ မြေပဲလှော်များကို ငရုတ်ဆုံထဲထည့်ကာ ညှက်နေအောင် ထောင်းပါ။

၃။ ခေါက်ဆွဲခြောက်များကို ရေနွေးပူထဲတွင် နူးနေအောင် ပြုတ်ပြီးနောက် ပန်းကန်လုံးအကြီးထဲသို့ ဆယ်ထည့်ထားပါ။

ပြီးရင်တော့ အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်များကို ခေါက်ဆွဲထည့် ထည့်နယ်လိုက်ပါ။

၄။ ထို့နောက် ထိုခေါက်ဆွဲများကို အလယ်အလတ်ပန်းကန်လုံးထဲ ခွဲထည့်လိုက်ပါ။ ထို့နောက် မြေပဲအမှုန့်နှင့် ကြက်သွန်မြိတ်တို့ ဖြူးထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com