အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာချစ်သူများအတွက် အကြော်စပ်စပ်လေးကိုမှ စားသုံးချင်သူများအတွက် ကင်းမွန်ကွင်းအစပ်ကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကင်းမွန် ၄ ကောင်
  • ဂျုံမှုန့် ၆၄ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

  • ဆီ ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇောက်နက်သောလင်ဗန်းထဲတွင် ဂျုံမှုန့်ထည့်ကာ ဆားအနည်းငယ်ထည့်ကာ သမအောင် မွှေလိုက်ပါ။

၂။ ကင်းမွန်ကို ရေဆေးပြီးနောက် အကွင်းလိုက် လှီးဖြတ်ထားပါ။ ထို့နောက် ဂျုံမှုန့်ထဲထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကင်းမွန်ကွင်းများကို (ဒယ်အိုးဆန့်သလောက်) တစ်မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၄။ ကင်းမွန်ကွင်းများ ရွှေညိုရောင်ပြောင်းသွားပါက ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

ကင်းမွန်ကွင်းများ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကင်းမွန်ကွင်းအစပ်ကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါပြီ။

Source : Thespruceeats.com