Oreo ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ မုန့်ဖုန့်စက်လည်းမလိုတဲ့အပြင် ပါဝင်ပစ္စည်းလည်း ၂ မျိုးထဲနဲ့ လွယ်လွယ်ကူကူလုပ်လို့ရမယ့် Oreo Lava Cake ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Blender ထဲကို Oreo တစ်ထုပ် (သို့) တစ်ထုပ်ခွဲစာထည့်ပါ။ ပြီးရင် နွားနို့ – ခွက်တစ်ခွက်စာထည့်ပြီး ကြိတ်ပါ။ အချိုကြိုက်ရင်တော့ နို့ဆီ ထည့်လို့ရပါတယ်။

ကြေညက်အောင်ကြိတ်ပြီးရင်တော့ ပေါင်းဖို့အတွက် ပုံစံခွက်ထဲကို ထည့်ပါ။

အိုးထဲကို ရေနွေးထည့်ပြီး အပေါ်ကနေ တစ်ခုခုခံပါ။ ပြီးမှ အဲ့ထဲကို ကြိတ်ထားတဲ့ Oreo တွေထည့်ထားတဲ့ ပုံစံခွက်လေးတွေထည့်ပြီး အဖုံးအုပ်ကာ တည်ထားပါ။ အပူရှိန်ပြင်းပြင်းနဲ့ ၁၅ မိနစ် တည်ထားပါ။

အချိန်ပြည့်ရင်တော့ ပုံစံခွက်လေးထဲကနေ ပန်းကန်ပြားထဲကို မှောက်ချပြီး အပေါ်ကနေ powder sugar လေးတွေ ဖြူးပေးလိုက်ပါ။

အားလုံးပြီးရင်တော့ အသင့်စားသုံးနိုင်ပြီဖြစ်တဲ့ Oreo Lava Cake ကို ရရှိသွားပါပြီ။

Source: www.easyoeasypan