အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာဝေမျှပေးချင်တဲ့အစားအစာကတော့ မနက်စာအဖြစ် စားသုံးနိုင်တဲ့ ကြက်ဥပေါင်မုန့်မီးဖုတ်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ဝက်ပေါင်ခြောက် ၅ ပြား (ပါးပါးလှီးထားပါ)
  • ဟင်းနုနွယ် ၃ အောင်စ (အရွက်နှင့် ရိုးတံများ ခြွေထားပါ)
  • ချိစ်အနည်းငယ်

  • ကြက်ဥ ၁၂ လုံး
  • နွားနို့ ၁၂၅ မီလီလီတာ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • Croissants ပေါင်မုန့် ၅ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ ကြက်သွန်များကို ကြော်ပေးလိုက်ပါ။ ကြက်သွန်များ အညိုရောင်ပြောင်းသွားပါက ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားပါ။

၂။ ဝက်ပေါင်ခြောက်ကိုလည်း သံလွင်ဆီအနည်းငယ်ဖြင့် ကြော်ပေးရပါမယ်။ ဝက်ပေါင်ခြောက် ကျက်သွားပါက ဟင်းနုနွယ်ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၃။ ဇလုံအကြီးတစ်လုံးထဲတွင် ကြက်ဥ ၁၂ လုံး၊ နွားနို့၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

၄။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီသုတ်လိမ်းပေးပြီးနောက် ဝက်ပေါင်ခြောက်နှင့် ဟင်းနုနွယ်ကို အောက်ခြေအလွှာတွင် ထည့်ပေးပါ။ ထို့နောက် ကြက်သွန်ကို အပေါ်လွှာတွင် ထပ်တင်ပေးပါ။ ချိစ်အနည်းငယ်ဖြူးထည့်ပြီးနောက် ကြက်ဥအရည်များ လောင်းထည့်လိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ Croissant ပေါင်မုန့်များကို အနေတော်အရွယ်အစားခန့် ဖဲ့ပြီး အပေါ်ယံလွှာတွင် တင်ပေးလိုက်ပါ။

၅။ ထို့နောက် လင်ဗန်းကို ခဲဖတ်ဖြင့် အုပ်ကာ Oven ထဲတွင် မိနစ် ၃၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ သတ်မှတ်ထားသောအချိန်ပြည့်ပါက ခဲဖတ်ကိုဖယ်လိုက်ကာ Oven ထဲတွင် နောက်ထပ် ၅ မိနစ်၊ ၁၀ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥပေါင်မုန့်မီးဖုတ်လေး ရရှိသွားပါပြီ။

ကော်ဖီ (သို့) အအေးနဲ့ တွဲသောက်မယ်ဆိုရင်တော့ အင်မတန်မှ အရသာရှိပါတယ်။

Source: Pinchofyum.com