အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ လွယ်လွယ်ကူကူ ကြော်စားလို့ရမယ့် ကြက်ဥထမင်းကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ကြက်ဥထမင်းကြော်ကို အရသာရှိရှိ ဘယ်လိုကြော်စားရမလဲလို့ စဉ်းစားရခက်နေသူတွေအတွက် အသုံးတည့်မယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီး နှစ်တောင့် (ပါးပါးလှီးထားပါ)

  • ကြက်ဥ ၁ လုံး
  • ထမင်း နှစ်ယောက်စာ (ပန်းကန်လုံး ၂ လုံးစာ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို မီးအပူပေးပြီးနောက် ဆီထည့်ကာ ကြက်သွန်များ ထည့်ကြော်လိုက်ပါ။

၂။ ကြက်သွန်များ ရွှေရောင်ပြောင်းသွားပါက ကြက်သွန်မြိတ်၊ ဂျင်းနှင့် ငရုတ်သီးတို့ထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးရပါမယ်။

၃။ ဒယ်အိုးထဲသို့ ကြက်ဥဖောက်ထည့်ပြီး မွှေကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ထမင်းထည့်ကာ သမအောင် ရောကြော်ပေးရပါမယ်။ ပြီးရင်တော့ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ ပဲငံပြာရည် ဆမ်းပေးလိုက်ပါ။

၅။ တစ်မိနစ်ခန့် သမအောင်ကြော်ပြီးတဲ့နောက်မှာတော့ ပန်းကန်လုံးထဲပြောင်းထည့်ကာ ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥထမင်းကြော် ပူပူလေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: food.ndtv.com