အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးမယ့် ပေါင်မုန့်ဖုတ်နည်းကတော့ Oven တစ်လုံးရှိရုံနဲ့ မိမိအိမ်မှာ အလွယ်တကူ လုပ်စားနိုင်တဲ့ ကြက်ဥပေါင်မုန့် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း (အရည်ဖျော်ထားပါ)
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆးအနည်းငယ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်းတစ်ဝက်

  • Mozzarella ချိစ် ၁ ချောင်း (၆ ပိုင်း အညီအမျှ ပိုင်းထားပါ)
  • ဂျုံမှုန့် ပန်းကန်လုံးတစ်လုံးစာ (၆၄ ဂရမ်)
  • နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥ ၄ လုံး
  • ဟင်းချက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန့်နှစ် ပြုလုပ်ဖို့ရန်အတွက် ထောပတ်၊ သကြား၊ ဆား၊ မုန့်ဖုတ်ပေါင်ဒါ၊ ဗနီလာ၊ ကြက်ဥ ၁ လုံး၊ ဂျုံမှုန့်နှင့် နွားနို့တို့ကို သမအောင် မွှေခလောက်ထားလိုက်ပါ။

၂။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၃။ Mini ပေါင်မုန့် ဖုတ်ဖို့ရန်အတွက် ပေါင်မုန့်ပုံစံခွက် ၃ ခုကို ဟင်းချက်ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၄။ ထိုပေါင်မုန့်ပုံစံခွက်ထဲသို့ အဆင့် (၁) က ပြုလုပ်ထားသော မုန့်နှစ်လေးများကို အညီအမျှ ခွဲထည့်ထားလိုက်ပါ။

၅။ ချိစ် ၂ တုံးစီကို ခွက်ရဲ့ ဟိုဘက် ဒီဘက် အစွန်းနှစ်ဖက်မှ ထည့်ထားလိုက်ပါ။

၆။ ခွက်ရဲ့အလယ်တည့်တည့်ကိုတော့ ကြက်ဥ ၁ လုံးစီ ဖောက်ထည့်ပေးရပါမယ်။

၇။ ထိုပေါင်မုန့်ခွက်ကို လင်ဗန်းပေါ် တင်ပြီးနောက် Oven ရဲ့ အလယ်စင်မှာ ၁၃ မိနစ်ခန့် ထည့်ဖုတ်ပေးရပါမယ်။ (ကြက်ဥအနှစ် မကျက်တကျက်လေး စားချင်ပါက ၁၃ မိနစ်ပဲ ဖုတ်ပါ။ အနှစ်ကို ကျက်စေချင်တယ်ဆိုရင်တော့ ၁၅ မိနစ်ခန့် ထည့်ဖုတ်ပေးရပါမယ်။)

၈။ သတ်မှတ်ချိန် ပြည့်သွားပြီဆိုရင်တော့ Oven ထဲက ထုတ်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ ပေါင်မုန့် ပူပူနွေးနွေးလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Maangchi.com