အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာနှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ကိုရီးယား ကြက်ဥထမင်းလိပ်ကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကိုရီးယားထမင်းလိပ် ၂ လိပ်
  • ကြက်ဥ (သို့) ဘဲဥ ၂ လုံး
  • ဆားအနည်းငယ်
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကိုရီးယားထမင်းလိပ် ၂ လိပ်ကို အညီအမျှ လှီးဖြတ်ထားလိုက်ပါ။

၂။ ကြက်ဥ (သို့) ဘဲဥကို ဆားအနည်းငယ်ထည့်ပြီး ခပ်ပြင်းပြင်းလေး မွှေခလောက်ပေးလိုက်ပါ။

၃။ ထို့နောက် ထမင်းလိပ်များကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၅။ ဆီပူလာပါက ကြက်ဥထဲ ထည့်နှစ်ထားသော ထမင်းလိပ်များကို ဆီပူထဲ ထည့်ကြော်လိုက်ပါ။

၆။ ထမင်းလိပ်လေးက ရွှေညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ထမင်းလိပ်များအားလုံး ကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥ ထမင်းလိပ်ကြော်လေး ရရှိသွားပါပြီ။

Source: Chefjulieyoon.com