ဖက်ထုပ်ချစ်သူတို့အတွက် ဒီတစ်ခါမှာတော့ ဂျုံ အသုံးပြုစရာမလိုတဲ့ ဝက်သား ကြက်ဥဖက်ထုပ်ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး
  • ဝက်သား (သို့) ကြက်သား ၈ အောင်စ (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆီအနည်းင်ယ
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ် ၂ ပင်
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဂျင်းပြား ၁ ပြား
  • လုံးဝန်းပြီး ကြီးသော စတီးယောင်းမ တစ်ချောင်းနှင့် ဘရက်ရှ်တစ်ချောင်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၅ လုံးကို ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ထည့်ကာ ဆားအနည်းငယ်ထည့်ပြီး ၂ မိနစ်ခန့် ခပ်နာနာမွှေခလောက်ထားပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ဝက်သားကို ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ရေ၊ ကြက်သွန်မြိတ်နှင့် နုပ်နုပ်စဉ်းထားသော ဂျင်းတို့ထည့်ကာ ၃ မိနစ်ခန့် သမအောင် နယ်ပေးလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆီအနည်းငယ်ထည့်ပါ။ ဆီထည့်ထားသော ပန်းကန်လုံး၊ ကြက်ဥပန်းကန်လုံးနှင့် အသားပန်းကန်လုံးတို့အပြင် ဘရက်ရှ်တစ်ချောင်းကိုပါ မီးဖိုအနီးအနားတွင် အဆင်သင့်ထားထားလိုက်ပါ။

၄။ ထို့နောက် မီးဖိုကို အလယ်အလတ်အပူချိန်ပေးပြီးနောက် စတီးယောင်းမကို မီးဖိုပေါ် တင်ကာ အပူပေးပါ။

၅။ ကြက်ဥ ကြော်တဲ့အခါ ယောင်းမ မကပ်ဖို့ရန်အတွက် ဂျင်းပြားဖြင့် ယောင်းမကို ၂ မိနစ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။

၆။ ဂျင်းပြားဖြင့် ပွတ်တိုက်ပြီးသွားပြီဆိုရင်တော့ ဘရက်ရှ်ကို ဆီဆွတ်ပြီး ယောင်းမမျက်နှာပြင်ကို သုတ်လိမ်းပေးလိုက်ပါ။

၇။ ထို့နောက် ကြက်ဥ စားပွဲတင်ဇွန်း ၁ ဇွန်းကို စတီးယောင်းမထဲ ထည့်ပြီးနောက် ယောင်းမကို စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပေးလိုက်ပါ။

၈။ ကြက်ဥ မကျက်တကျက်အချိန်မှာ ဝက်သား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

၉။ ထို့နောက် တူအသုံးပြုကာ ကြက်ဥကို လခြမ်းပုံသဏ္ဍာန် ထက်ဝက်ခြမ်းပေးလိုက်ပါ။ ကြက်ဥအနားသားကို တူဖြင့် ခပ်နာနာဖိပေးလိုက်ပါ။

၁၀။ အထက်ဖော်ပြပါနည်းအတိုင်း ကြက်ဥနှင့် ဝက်သားအစာသွပ်များ ကုန်သွားသည်အထိ ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သား ကြက်ဥဖက်ထုပ်ကြော်လေး ရရှိသွားပါပြီ။

ဒီအတိုင်းစားရင်လည်း အရသာရှိသလို ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်တို့နဲ့ တွဲစားမယ်ဆိုရင်လည်း ဆွေမျိုးမေ့သွားမယ့်အရသာကို မြည်းစမ်းကြည့်နိုင်ပါတယ်။

Source : Thewoksoflife.com