အားလုံးပဲ မင်္ဂလာပါ။ ဆင်းဒဝှဒ်ချ်ပေါင်မုန့် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်ဥပေါင်းကို ပြန်ကြော်ထားပြီး ဆင်းဒဝှဒ်ချ်နဲ့ တွဲဖက်စားသုံးနိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၈ လုံး
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မိရောနိစ် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)

  • အကြော်ခံ ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပေါင်မုန့် ၂ ချပ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၈ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီးနောက် ဆား၊ သကြား၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်တို့ထည့်ကာ သမအောင် မွှေခလောက်ထားပါ။

၂။ ဇောက်နက်သော ပန်းကန်လုံးတစ်လုံးထဲတွင် ရေအနည်းငယ် ထည့်ထားပါ။ ထို့နောက် ဆန်ခါဖြင့် စစ်ကာ စောစောက မွှေခလောက်ထားသော ကြက်ဥများ လောင်းထည့်လိုက်ပါ။ ပူစီဖောင်းအမြှုပ်လေးများ ကျန်သေးပါက ခပ်ထုတ်လိုက်ပါ။

၃။ ထို့နောက် ပေါင်းအိုးထဲတွင် ၉ မိနစ်ခန့် ထည့်ပေါင်းပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်ဥပေါင်းကို ပန်းကန်လုံးထဲက ထုတ်ပြီး ရေခဲသေတ္တာထဲတွင် ၅ နာရီ၊ ၆ နာရီခန့် အအေးခံထားလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။

စောစောက အအေးခံထားသော ကြက်ဥပေါင်းကို ပေါင်မုန့်နှင့် အရွယ်အစားတူအောင်လို့ အနားသားများ လှီးဖြတ်ထားလိုက်ပါ။

၅။ ထို့နောက် ဂျုံမှုန့်ဖြင့် ကပ်ပါ။ မွှေခလောက်ထားသော ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် အကြောခံပေါင်မုန့်ဖြင့် ကပ်လိုက်ပါ။ ပြီးရင်တော့ ဆီပူထဲတွင် ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၆။ ပေါင်မုန့်နှစ်ချပ်ကို မိရောနိစ် သုတ်လိမ်းလိုက်ပါ။ ထို့နောက် စောစောက ကြက်ဥပေါင်းကြော်လေး ညှပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥပေါင်း ဆင်းဒဝှဒ်ချ်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com