အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခေါက်မှာတော့ ပါဝင်ပစ္စည်း ၅ မျိုးတည်းနဲ့ အလုပ်မရှုပ်ဘဲ ပြုလုပ်ရတာလွယ်ကူတဲ့ ကြက်ဥ အမဲသားလုံးပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၇ အောင်စ (နုတ်နုတ်စင်းထားပါ)
  • ကြက်ဥ ၇ လုံး
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အိုးအကြီးတစ်လုံးထဲမှာ ရေပွက်ပွက်ဆူအောင်တည်ထားပါ။ ရေပွက်ပွက်ဆူလာပါက ကြက်ဥ ၆ လုံးကို ၆ မိနစ်ခန့် ထည့်ပြုတ်ထားပါ။ ၆ မိနစ်ပြည့်ပါက ကြက်ဥကို အအေးခံကာ အခွံခွာထားပါ။

ဇလုံအကြီးတစ်လုံးထဲမှာ နုတ်နုတ်စင်းထားသော အမဲသားထည့်ထားပြီးနောက် ကျန်ရှိနေသော ကြက်ဥတစ်လုံးဖောက်ထည့်ကာ ဆားနှင့် ငရုတ်ကောင်းအနည်းငယ်ဖြူးထည့်ပြီး သမအောင်မွှေလိုက်ပါ။

ထို့နောက် အသားအနည်းငယ်ယူပြီး ထိုအသားရဲ့ အလယ်တည့်တည့်မှာ ကြက်ဥပြုတ်တစ်လုံးထည့်ကာ ကြက်ဥဖုံးသွားအောင် အသားများနဲ့ လိပ်ပေးလိုက်ပါ။ ကြက်ဥ အသားလုံး ၆ လုံး လိပ်ပြီးတဲ့နောက်မှာ ဆီပူပေးထားသော ဒယ်အိုးထဲမှာ ထည့်ကြော်ပေးလိုက်ပါ။

အသားတုံးများ ရွှေညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ကြက်ဥ အမဲသားလုံးကြော် ရရှိသွားပြီဖြစ်ပါတယ်။ ထိုကြက်ဥ အမဲသားလုံးကြော်ကို မိမိကြိုက်နှစ်သက်ရာ ဆော့စ်လေးနဲ့တွဲဖက်စားသုံးလို့လည်း ရသလို ဟင်းသီးဟင်းရွက် (သို့) ထမင်းနဲ့လည်း အရသာရှိရှိသုံးဆောင်နိုင်ပါတယ်။

Source : Sodelicious.recipes