အားလုံးပဲ မင်္ဂလာပါ။ နေ့တစ်နေ့ရဲ့ အရေးကြီးဆုံးအရာကတော့ မနက်စာပဲဖြစ်ပါတယ်။ မနက်စာ မစားတာ ကြာလာတဲ့အခါ ကျန်းမာရေးအတွက် ထိခိုက်နိုင်တာကြောင့် မနက်စာကို အလွတ်ခံလို့မဖြစ်ပါတယ်။

မနက်စာ တကူးတကကြီး မလုပ်စားချင်တဲ့သူတွေအတွက် ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အချိန်ပေးလိုက်ရုံနဲ့ အာဟာရပြည့်ဝတဲ့ မနက်စာလေး လုပ်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆ လုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းနုနွယ်ရွက် အနည်းငယ်
  • ဝက်ဆားနယ်ခြောက် အနည်းငယ်
  • ချိစ်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖြင့် ကြိုတင်အပူပေးထားပါ။ ကိတ်မုန့်ဖုတ်တဲ့ ပုံစံခွက်လေးကို ဆီအနည်းငယ်ဖြင့် သုတ်လိမ်းထားပါ။

၂။ ပန်းကန်လုံး တစ်လုံးထဲသို့ ကြက်ဥများ ဖောက်ထည့်လိုက်ပါ။ ထို့နောက် တစ်မိနစ်ခန့် ပြင်းပြင်းလေး မွှေခလောက်လိုက်ပါ။

၃။ ဟင်းနုနွယ်ရွက်များ ချွေထားပါ။ ချိစ်ကိုလည်း အနေတော် အတုံး တုံးထားပါ။ ဝက်ဆားနယ်ခြောက်ကို အတုံးသေးတုံးထားပါ။ ထို့နောက် ဟင်းနုနွယ်ရွက်၊ ချိစ်နဲ့ ဝက်ဆားနယ်ခြောက်တို့ကို ကြက်ဥခွက်ထဲထည့်ပြီး ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၄။ ကြက်ဥ အရောအနှောများကို ပုံစံခွက်ထဲသို့ အညီအမျှ လောင်းထည့်လိုက်ပါ။

၅။ Oven ထဲ ထည့်ပြီး ၁၅ မိနစ်မှ ၁၈ မိနစ်အထိ ထည့်ထားလိုက်ပါ။

၆။ အချိန်ပြည့်သွားပြီဆိုရင်တော့ ပုံစံခွက်ထဲမှ ပန်းကန်ထဲ ပြောင်းထည့်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: dinneratthezoo.com