အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ နွားနို့ပူပူလေးနဲ့လည်း တွဲဖက်စားသုံးနိုင်သလို ကော်ဖီပူပူ (သို့) ဖျော်ရည်အေးအေးလေးနဲ့လည်း လိုက်ဖက်တဲ့ ကြက်ဥသုတ် ထောပတ်သီး ဝက်သားညှပ်ပေါင်မုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥပြုတ် ၆ လုံး
  • မိရောနိစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပေါင်မုန့် ၈ ချပ်
  • ထောပတ်သီး ၁ ခြမ်း (ခပ်ပါးပါးလှီးဖြတ်ထားပါ)

  • ဝက်သားပြား ၆ ပြား

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥပြုတ်ကို အခွံခွာပြီး ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ဇွန်းခရင်းဖြင့် ချေမွပစ်လိုက်ပါ။

၂။ ထိုပန်းကန်လုံးထဲသို့ မိရောနိစ်ထပ်ထည့်ပြီး သမအောင် ထပ်မွှေရပါမယ်။ ပြီးမှ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ကာ ထပ်နယ်ပြီးနောက် အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

၃။ အရသာအနေတော် ဖြစ်ပါက ပေါင်မုန့်ချပ်ပေါ် သုတ်လိမ်းလိုက်ပါ။ ခပ်ပါးပါးလှီးထားသော ထောပတ်သီးများနဲ့ ဝက်သားပြားကို ကြက်ဥပေါ် ထပ်တင်ပေးပြီးနောက် အခြားပေါင်မုန့်ချပ်ဖြင့် ဖုံးအုပ်လိုက်ပါ။

ကျန်ရှိနေသော ပေါင်မုန့်ချပ်များကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။

ရရှိလာသော ကြက်ဥသုတ် ဝက်သားပြားပေါင်မုန့်ကို မနက်စာအဖြစ်လည်း စားသုံးနိုင်သလို နေ့လည်စာ ထမင်းမစားခင် အဆာပြေမုန့်အဖြစ်လည်း စားသုံးနိုင်ပါတယ်။

Source: addapinch.com