အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပုစွန်ဟင်း ကြိုက်နှစ်သက်သူများအတွက် ပင်လယ်စာ ကြက်ဥတို့ဟူးဟင်းလျာ ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥတို့ဟူး ၁ ချောင်း
  • ကြော်ရန် ဆီနှင့် ကြက်ဥ ၁ လုံး
  • ကြက်ပြုတ်ရည် ပန်းကန်လုံး ၁ လုံးခွဲ (စားပွဲတင်ဇွန်း ၂၄ ဇွန်း)
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပုစွန် ၆ ကောင် (အခွံခွာထားပါ)
  • ပဲလုံးစိမ်း ပန်းကန်လုံး တစ်ဝက်စာ
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ တို့ဟူးကို ပါးပါးလှီးပြီးနောက် ဆီပူထဲတွင် ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ ထည့်ပါ။ ကြက်ပြုတ်ရည် ထည့်ပါ။ ခရုဆီ၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ထို့နောက် တို့ဟူးနှင့် ပဲလုံးစိမ်းထည့်ကာ ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ပုစွန်များထည့်ကာ နောက်ထပ် တစ်မိနစ်ခန့် တည်ပါ။ ဆော့စ်က ပျစ်သွားပြီဆိုရင်တော့ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ သမအောင် မွှေပါ။

၅။ ထို့နောက် ကြက်သွန်မြိတ်ထည့်ကာ နောက်ဆုံးတစ်ကြိမ် မွှေပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပင်လယ်စာ ကြက်ဥတို့ဟူးဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: 3hungrytummies.blogspot.com