ချောကလက်ကို အမှန်တကယ်ကြိုက်တဲ့ ချောကလက်ချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ လုံးဝကို ချိုအီပြီး စားလို့အရမ်းကောင်းတဲ့ ချောကလက်ပူတင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

အိုးထဲကို ချောကလက်အမှုန့် (Cocoa Powder) – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာနဲ့ စားပွဲတင်ဇွန်းတစ်ဝက်စာ ထည့်ပေးပါ။

ပြောင်းကော်မှုန့် – စားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြား – ခွက်တစ်ဝက်စာ၊ ဆား – အနည်းငယ် ထည့်မွှေပါ။

သမအောင်မွှေပြီးရင် နွားနို့ – ၅၀၀ မီလီလီလီတာ ထည့်ပြီး မွှေပါ။

ပြီးရင်တော့ မီးဖိုပေါ်တင်ပြီး မွှေနေပေးပါ။ မီးအပူချိန်ကို Medium Heat နဲ့တည်ထားပြီး ပျစ်လာတဲ့အထိ မွှေနေပေးပါ။

ပျစ်လာပြီဆိုရင်တော့ ကိုယ်စားမယ့်ပန်းကန်လေးတွေထဲ ပြောင်းထည့်ပြီး အပြင်မှာပဲ အအေးခံထားပါ။ အေးသွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ၂ နာရီလောက် ထည့်ထားပေးပါ။

အချိန်ပြည့်ရင်တော့ အပြင်ထုတ်ပြီး အပေါ်ကနေ မြေပဲလေးတွေပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာ Topping လေးတွေတင်ပြီး စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ အရသာရှိပြီး ချိုအီနေတဲ့ ချောကလက်ပူတင်းကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source:www.toptastyrecipes