ကိတ်မုန့်ဖုတ်တဲ့အခါ ကြက်ဥကို မဖြစ်မနေအသုံးပြုကြပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကြက်ဥမလိုတဲ့ ငှက်ပျောသီးကိတ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၁ လုံး
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ထန်းလျက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကိတ်မုန့်ပြုလုပ်ရန်အတွက်

  • ထောပတ် ၅၀ မီလီလီတာ
  • အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

Source: myeatingspace.com

  • ထန်းလျက်ရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း လေးပုံတစ်ပုံ
  • ကိုးကိုးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ကိတ်မုန့်ဖုတ်မယ့် မီးဖိုကို ၁၈၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားပါ။ ငှက်ပျောသီးကို အခွံခွာပြီး ရှည်မျောမျောအတုံး လေးတုံး တုံးထားပါ။ ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ထန်းလျက် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေတို့ကို ရောနှောပြီး အရည်ပျော်အောင် ကျိုလိုက်ပါ။

ကျိုထားသော ထန်းလျက်ရည်ကို ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းထဲထည့်ပြီး ငှက်ပျောသီးအတုံးများပါ ထည့်ထားလိုက်ပါ။

ကိတ်မုန့်ပြုလုပ်ရန်အတွက် ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ထောပတ်၊ ထန်းလျက်ရည်နဲ့ အုန်းဆီတို့ထည့်ပြီး မွှေလိုက်ပါ။ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ကိုကိုးမှုန့်တို့ ရောနယ်ပြီး အနှစ်ပျစ်ပျစ်လေးရအောင် မွှေခလောက်လိုက်ပါ။

ရလာတဲ့အနှစ်ကို ငှက်ပျောသီးပေါ် ညီညီညာညာလောင်းချလိုက်ပါ။ ထို့နောက် မီးဖိုထဲတွင် မိနစ် ၂၀ ခန့် ထည့်ဖုတ်လိုက်ပါ။ အချိန်ပြည့်ပါက မီးဖိုထဲက ထုတ်ပြီး ၁၅ မိနစ်ခန့် အအေးခံလိုက်ပါ။

ဒါဆိုရင်တော့ ငှက်ပျောသီး ကိတ်လေးကို အရသာရှိရှိသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

Source: Gayathriscookspot.com