မစည် ရဲ့ မြန်မာဆန်ဆန်နဲ့ မရိုးမအီအောင် ဖန်တီးလိုက်တဲ့ ကြက်ဥ၊ အာလူး ၊ သရပ်နှပ်လေးကို ကြက်ဥ မကြိုက်သော သူများ ရဲ့ အများဆုံး အားပေးမှုကို အခံရဆုံး ဟင်းလေးမို့ အားလုံး အတွက်လဲ ချက်စားကြည့်လို့ရမဲ့ ဟင်းမိန်လေးပါ ။ ချက်ကြည့်လိုက် နော်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၁၀ လုံး ( ပြုတ်ထား ပါ)
- သရက်သီး – ၅ လုံး/ ၇ လုံး အလုံးအလတ် (လေးပိုင်းပိုင်းထားပါ)
- ငရုတ်သီးမှုန့် – ၃ ဇွန်း (စားပွဲဇွန်း)
- အရာင်တင်မှုန့် (Paprika Powder) – ၁ ဇွန်း (စားပွဲဇွန်း)
- ဆီ – ၈ ဇွန်း (စားပွဲဇွန်း)
- ငံပြာရည် – ၁ ဇွန်းခွဲ (စားပွဲဇွန်း)
- ကြက်သားမှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ဆနွန်းမှုန့် – ဇွန်းတဝက် (လက်ဖက်ရည်ဇွန်း)
- ဟင်းခတ်မွှေးစုံ (All Spices) – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ကြက်သွန်နီ – ၅ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ – ၅ မွှာ (ထောင်းထားပါ)
- ချင်း – လက်သဆစ် (ထောင်းထားပါ)
- ကရဝေးရွက် – ၃ ရွက်
- ဆား – အနည်းငယ်
ပြုလုပ်နည်း
- အိုးထဲသို့ ဆား ၊ ရေ နှင့် ကြက်ဥများ ထည့်ပြီး ၁၀ မိနစ်လောက် ပြုတ်ပါ ။ (ဆားထဲ့ ပြုတ်ချင်းဖြင့် ကြက်ဥ အခွံခွာလျှင် လွယ်ကူ လျင်မြန်ပြီး ကြက်ဥ အလုံးပုံလဲ မပျက် ပါဘူး ။)
- ကြက်ဥအကာကို ဓားလေးဖြင့် အရာပေးပါ ။ ပြီးလျှင် ဆီအနည်းငယ်ဖြင့် ရွှေရောင်တောက်လာသည် အထိ ကြော်ပါ ။
- ဆီအိုးထဲသို့ ထောင်းထားသော ကြက်သွန်နီ၊ဖြူ ၊ ချင်း ၊ဆနွင်းမှုန့် နှင့် ကရဝေးရွက် တို့ကို မွှေးလာ သည့် အထိ ဆီသတ် ပေးပါ။
- ပြီးလျှင် သရက်သီး ၊ ငရုတ်သီးမှုန့် ၊ အရောင်တင်မှုန့် နှင့် ငံပြာရည်တို့ကို ဆီသတ်ထားတဲ့ အိုးထဲထည့်ပေးပြီး မီးမျှင်မျှင်လေး နဲ့ အရောင်လှပြီး အနံ့မွှေးလာရင် ကြော်ထားသော ကြက်ဥများကို ရောထဲ့ မွှေပါ ။ ခတ်ဖွဖွလေး မွှေပါ ။ ရေ အနည်းငယ် ထဲ့ပေးပါ ။
- ဆား နှင့် ကြက်သားမှုန့်ကို ထဲ့ပြီးမွှေပါ ။ ရေခန်းတဲ့ အထိတည်ပြီး ဆီပြန်လာရင်တော့ ထမင်းမိန်စရာ ဟင်းလေးတခွက် ရသွားပြီ ။