မစည် ရဲ့  မြန်မာဆန်ဆန်နဲ့ မရိုးမအီအောင် ဖန်တီးလိုက်တဲ့ ကြက်ဥ၊ အာလူး ၊ သရပ်နှပ်လေးကို ကြက်ဥ မကြိုက်သော သူများ ရဲ့ အများဆုံး အားပေးမှုကို အခံရဆုံး ဟင်းလေးမို့ အားလုံး အတွက်လဲ ချက်စားကြည့်လို့ရမဲ့ ဟင်းမိန်လေးပါ ။ ချက်ကြည့်လိုက် နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ  –  ၁၀ လုံး ( ပြုတ်ထား ပါ)
  • သရက်သီး   –  ၅ လုံး/ ၇ လုံး အလုံးအလတ် (လေးပိုင်းပိုင်းထားပါ)
  • ငရုတ်သီးမှုန့်  –  ၃ ဇွန်း (စားပွဲဇွန်း)
  • အရာင်တင်မှုန့် (Paprika Powder)  –  ၁ ဇွန်း (စားပွဲဇွန်း)
  • ဆီ  –  ၈ ဇွန်း (စားပွဲဇွန်း)
  • ငံပြာရည်  –   ၁ ဇွန်းခွဲ (စားပွဲဇွန်း)
  • ကြက်သားမှုန့်  –  ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဆနွန်းမှုန့်   –  ဇွန်းတဝက်  (လက်ဖက်ရည်ဇွန်း)
  • ဟင်းခတ်မွှေးစုံ (All Spices)  –  ၁ ဇွန်း  (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်နီ  –  ၅ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ  –  ၅ မွှာ (ထောင်းထားပါ)
  • ချင်း  –  လက်သဆစ် (ထောင်းထားပါ)
  • ကရဝေးရွက်  –  ၃ ရွက်
  • ဆား  –  အနည်းငယ်

ပြုလုပ်နည်း

  1. အိုးထဲသို့ ဆား ၊ ရေ နှင့် ကြက်ဥများ ထည့်ပြီး ၁၀ မိနစ်လောက် ပြုတ်ပါ ။ (ဆားထဲ့ ပြုတ်ချင်းဖြင့် ကြက်ဥ အခွံခွာလျှင် လွယ်ကူ လျင်မြန်ပြီး ကြက်ဥ အလုံးပုံလဲ မပျက် ပါဘူး ။)
  2. ကြက်ဥအကာကို ဓားလေးဖြင့် အရာပေးပါ ။  ပြီးလျှင် ဆီအနည်းငယ်ဖြင့် ရွှေရောင်တောက်လာသည် အထိ ကြော်ပါ ။
  3. ဆီအိုးထဲသို့ ထောင်းထားသော ကြက်သွန်နီ၊ဖြူ ၊ ချင်း ၊ဆနွင်းမှုန့် နှင့် ကရဝေးရွက် တို့ကို မွှေးလာ သည့် အထိ ဆီသတ် ပေးပါ။
  4. ပြီးလျှင် သရက်သီး ၊ ငရုတ်သီးမှုန့် ၊ အရောင်တင်မှုန့် နှင့် ငံပြာရည်တို့ကို ဆီသတ်ထားတဲ့ အိုးထဲထည့်ပေးပြီး မီးမျှင်မျှင်လေး နဲ့ အရောင်လှပြီး အနံ့မွှေးလာရင် ကြော်ထားသော ကြက်ဥများကို ရောထဲ့ မွှေပါ ။ ခတ်ဖွဖွလေး မွှေပါ ။ ရေ အနည်းငယ် ထဲ့ပေးပါ ။
  5. ဆား နှင့် ကြက်သားမှုန့်ကို ထဲ့ပြီးမွှေပါ ။ ရေခန်းတဲ့ အထိတည်ပြီး ဆီပြန်လာရင်တော့ ထမင်းမိန်စရာ ဟင်းလေးတခွက် ရသွားပြီ ။