အိမ်မှာ ကြက်ဥနဲ့ထောပတ်ကလည်းကုန်နေတယ်…..ချောကလက်ကိတ်လေးကလည်း စားချင်လာတယ်ဆိုရင်တော့ ဒီနည်းလေးကိုစမ်းကြည့်ပါ။ ကြက်ဥ ထောပတ် မပါဘဲ အချိန် ၅ မိနစ်ပေးရုံနဲ့ အရသာရှိတဲ့ ချောကလက်ကိတ်မုန့်လေး လုပ်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့်  1 ½  ခွက် (187 ဂရမ်)
  • ကိုကိုးမှုန့် ⅓  ခွက် (၃၆ ဂရမ်)
  • သကြားဖြူ 1 ခွက် (195 ဂရမ်)
  • ရေ 1 ခွက် (237 ml)
  • ဟင်းသီးဟင်းရွက်ဆီ 1/3 ခွက် (79 ml)

ပြုလုပ်ပုံအဆင့်ဆင့်

  • မီးဖိုကို 350°F (177°C) ဖြင့် ကြိုတင်အပူပေးထားပါ။ 8 x 8 လက်မ လေးထောင့်ပုံစံ မုန့်ဖုတ်ဒယ်အိုးကို parchment စက္ကူခင်းထားပေးပါ။
  • ဂျုံမှုန့်နှင့် ကိုကိုးမှုန့်တို့ကို ဇလုံတစ်ခုထဲမှာ အညီအမျှ ရောစပ်ပြီး သမအောင်ရောမွှေပေးပါ။ သကြားထည့်ပြီး သမအောင် ထပ်မွှေပေးပါ။ ရေ နှင့် ဆီ ထပ်ထည့်ပြီး အကုန်ချော့မွေ့တဲ့အထိ မွှေပေးပါ။
  • ပြင်ဆင်ထားတဲ့ ကိတ်မုန့်အိုးထဲကို မုန့်နှစ်ထည့်ပါ။ ကိတ်မုန့်ကို မိနစ် 30 ခန့်ဖုတ်ပြီး မုန့်ကျက်သွားပြီဆိုရင် ကိတ်မုန့်ကို လုံးဝအေးသွားတဲ့အထိ အအေးခံပေးပါ။