ပါဝင်ပစ္စည်းများ
- ကြက်ဥပူတင်း၊ နွားနို့၊ သကြား
- ပင်ပွါး၊ ရောင်စုံ ကျောက်ကျော၊ ရောင်စုံ ဂျယ်လီ
- ရောင်စုံ သာကူ ပုလဲလုံးအကြီး၊ မုန့်လက်ဆောင်းဖတ်
- အနီရောင်ဆိုးဆေး အချိုရည် (Rose Syrup)
- ရေခဲမုန့်၊ ရေခဲ၊ နို့စိမ်း
ဖာလူဒါ လုပ်နည်း
ကြက်ဥပူတင်း၊ နွားနို့၊ သကြား၊ ပင်ပွါး၊ ရောင်စုံကျောက်ကျော၊ ရောင်စုံဂျယ်လီ၊ ရောင်စုံသာကူပုလဲလုံးအကြီး၊ မုန့်လက်ဆောင်းဖတ်၊ အနီရောင်ဆိုးဆေးအချိုရည် (Rose Syrup)၊ ရေခဲမုန့်၊ ရေခဲ၊ နို့စိမ်းတို့ ထည့်ရပါမည်။
ကြက်ဥပူတင်း ဖုတ်ထားပါ။ နွားနို့ကိုကျိုပြီး အအေးခံထားရပါမည်။ သကြားကို ပျစ်အောင် ကျိုထားပါ။ ပင်ပွါးကို ရေစိမ်ထားပါ။ ရောင်စုံသာကူပုလဲလုံးအကြီးကိုလဲ မျက်စိပျောက်သည်အထိ ကျိုရပါမည်။
ထို့ နောက် ဇကာ ထဲသို့ ထည့်ပြီး ရေအေးနဲ့ ဆေးထားပေးပါ။ ရောင်စုံ ကျောက်ကျောများကို ကျိုပြီးလျှင် အအေးခံထားပေးပါ။ ရောင်စုံဂျယ်လီနှင့် ရောင်စုံ ကျောက်ကျောများ အေးပြီး မာလာလျှင် သေးသေးရှည်ရှည်တွေ လှီးထားပါ။
ထို့ နောက် ဖာလူဒါထည့်မည့့် မုန့်ခွက်ထဲသို့. ရေခဲ၊ အနီရောင်ဆိုးဆေးအချိုရည် (Rose Syrup) သကြားရည်၊ ပင်ပွါး၊ ရောင်စုံသာကူ ပုလဲလုံးအကြီး၊ မုန့်လက်ဆောင်း၊ နွားနို့၊ နို့စိမ်း၊ ရောင်စုံ ကျောက်ကျောနှင့် ဂျယ်လီတို့ကို ဇွန်းသေးတစ်ဇွန်းစီ လောက်ထည့်ကာ ပူတင်:နှင့် ရေခဲမုန့်တို့ကို တစ်ဇွန်းစီ အပေါ်မှတင်ပြီးရင် အရသာရှိသော ဖာလူဒါရပါပြီ။
Credit: Daw Pu