ပါဝင်ပစ္စည်းများ
- နွားနို့ – ၇၅ကျပ်သား
- နို့စိမ်း ၁ ဘူး
- နို့ဆီ အနည်းငယ်
- Agar (အစိမ်းရောင်) ကျောက်ကျော ၁ထုပ်
- သကြား၂၅ကျပ်သား
- ဆား အနည်းငယ်
- သာကူစေ့များ (လိမ္မော်ရောင်၊ အစိမ်းရောင်၊ အဝါရောင်)
- ပင်ပွား
- ဂျယ်လီ
- သီဟိုဠ်စေ့
- Rose Flavour
- အနီရောင်အမှုန့်
ပြုလုပ်နည်း
နွားနို့ ၇၅ကျပ်သား၊ နို့စိမ်း ၁ဘူး၊ နို့ဆီ အနည်းငယ် ကို ရောပါ။
Agar (အစိမ်းရောင်) ကျောက်ကျော ၁ထုပ် ၊ သကြား၂၅ကျပ်သား ၊ ဆား အနည်းငယ်ကို ရောမွှေထားပါ။ သာကူစေ့လေးများကို အစေ့ပျောက်သည် အထိ ကျိုပါ။
ခွက် ၃ခွက်ခွဲ၍ အရောင်စပ်ပါ။ ( လိမ္မော်ရောင်၊ အစိမ်းရောင်၊ အဝါရောင်) သာကူစေ့များကို အညီအမျှ ခွဲထည့်၍ ရေအေးဖြင့် စိမ်ထားပေးပါ။ ပင်ပွားကို ရေစိမ်ထားပါ။
ဂျယ်လီကို Dice လုပ်ထားပါ။ သီဟိုဠ်စေ့ကို Dice လုပ်ထားပါ။ ဗန်းအောက်ခြေတွင် ခင်းထားပေးပါ။
နွားနို့ ၊ နို့စိမ်း၊ နို့ဆီ ရောထားတာကို ကျောက်ကျောမှုန့်တို့ နှင့် ရော၍ ပွက်ပွက် ဆူအောင်ကျိုပါ။ Rose Flavour ထည့်ပါ။ (ဖာလူဒါအနံ့)
အနီရောင်အမှုန့်ကို အရောင်ဖျော့ဖျော့စပ်၍ လိုသလောက်အရောင် ထည့်ပါ ။
ဗန်းထဲသို့လောင်းထည့်၍ မွှေပေးပါ။ မတင်းမခြောက် အချိန်မှာ အပေါ်မှ သာကူစေ့၊ ဂျယ်လီ၊ သီဟိုဠ်စေ့တို့ကို ဖြူးပေးပါ။
အအေးခံထားပြီးသုံးဆောင်ပါ။
Credit: Cooking