အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပဲပြား၊ ဝက်သားစဉ်းကောနှင့် ကြက်ဥတို့ကို အရသာရှိအောင် ပြုလုပ်ထားတဲ့ ကြက်ဥပေါင်းဟင်း ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ဝက်သား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်ဥ ၂ လုံး
  • ပဲပြား ၂ တုံး
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးထဲသို့ ဝက်သား၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆန်ဝိုင်တို့ထည့်ကာ သမအောင် နယ်ထားပါ။ ထို့နောက် မိနစ် ၃၀ ခန့် နှပ်ထားပါ။

၂။ ပဲပြားကို ရေဆေးပြီးနောက် လက်မဝက်အထူခန့် လှီးဖြတ်ထားပါ။ ထို့နောက် ပဲပြားများကို ဇောက်နက်သော ပန်းကန်ထဲ ထည့်ထားပါ။

၃။ ထို့နောက် ဝက်သားစဉ်းကောများကို ပဲပြားရဲ့ဘေးပတ်ပတ်လည်မှာ ထည့်ထားလိုက်ပါ။

၄။ ကြက်ဥ ၂ လုံးကို ဝက်သားစဉ်းကောပေါ် ဖောက်ထည့်လိုက်ပါ။ ထို့နောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ဆမ်းထည့်လိုက်ပါ။

၅။ ထိုပန်းကန်လုံးကို ပလပ်စတစ် (သို့) အခြားပန်းကန်တစ်ချပ်ဖြင့် ဖုံးအုပ်ထားပါ။ ထို့နောက် ပေါင်းအိုးထဲတွင် ၁၅ မိနစ်ခန့် ထည့်ပေါင်းထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ထိုပန်းကန်လုံးထဲသို့ ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။ ထို့နောက် နောက်ထပ် ၃ မိနစ်ခန့် ထပ်ပေါင်းလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်ပါက ပဲငံပြာရည်လေး ဆမ်းထည့်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပဲပြား ဝက်သားစဉ်းကော ကြက်ဥပေါင်းလေး ရရှိသွားပါပြီ။

Source: Cooklikeasian.com