အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပင်လယ်စာ အစားအစာကြိုက်နှစ်သက်သူများအတွက် ပုစွန်အကြွပ်ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဟင်းသီးဟင်းရွက်ဆီ တစ်လီတာခန့်

မုန့်နှစ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၂၈ ဂရမ်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါနှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံစီ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံနှင့် ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေခဲရေ ၈၃ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို အခွံနှင့် ခေါင်းပါ ချွတ်ထားပြီး သန့်စင်အောင် ဆေးကြောထားပါ။ ထို့နောက် ပုစွန်ကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းထားပြီး ဆားအနည်းငယ်ဖြူးကာ နယ်ထားလိုက်ပါ။

၂။ မုန့်နှစ်ပြုလုပ်ရန်အတွက် ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ပြောင်းမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ မုန့်ဖုတ်ပေါင်ဒါ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူအမှုန့်၊ ကြက်သွန်နီမှုန့်တို့ကို အရင်ဦးဆုံးသမအောင် နယ်ထားလိုက်ပါ။ ပြီးမှ ဟင်းသီးဟင်းရွက်ဆီနှင့် ရေခဲရေတို့ကို ထပ်မံပေါင်းထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ငါးမိနစ်ခန့် နှပ်ထားလိုကပါ။

၃။ ငါးမိနစ်ပြည့်မှ ပုစွန်များကို ထိုမုန့်နှစ်ထဲ ထည့်နှစ်ပေးလိုကပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်များ ထည့်ကြော်ပေးလိုက်ပါ။ ပုစွန်တစ်ခြမ်းစီကို တစ်မိနစ်စီ ကြော်ပေးရပါမယ်။ ပုစွန်က ရွှေညိုရောင် ပြောင်းသွားတဲ့အခါမှာတော့ ပန်းကန်ပြားပေါ် ပြောင်းထည့်ထားပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com