ရိုးရာဟင်းလျာများက အရသာတစ်မျိုးနဲ့ တစ်မျိုး ထူးခြားကွဲပြားပြီး စားသုံးသူရဲ့လျှာပေါ်မှာ အမှတ်တရတစ်မျိုးကို ပေးစွမ်းနိုင်ကြပါတယ်။ ဒီတစ်ခါမှာလည်း ရိုးရာဟင်းလျာ ကြိုက်နှစ်သက်သူများအတွက် ဖိလစ်ပိုင်ရိုးရာ အုန်းနို့ကြက်သားဟင်း ချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်ခွဲ (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • အုန်းနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ ၆ မြွှာ

  • ပျဉ်းတော်သိမ် ၅ ရွက်
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၃ ဖွန်း
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။

၂။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီးနောက် ဆီပူထဲထည့်ကာ ဆီသတ်ပါ။

၃။ ထို့နောက် ကြက်သားတုံးများထည့်ကာ တစ်ခြမ်းချင်းစီကို ၁ မိနစ်၊ ၁ မိနစ်ခွဲခန့်ကြော်ပါ။

၄။ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် အိုးအဖုံးအုပ်ပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ပြီးရင်တော့ ကြက်သားတုံးကို အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၅ မိနစ်ခန့် ဆက်တည်ထားပါ။

၅။ ငရုတ်ကောင်းစေ့နှင့် ပျဉ်းတော်သိမ်အရွက်တို့ထည့်ပါ။ အုန်းနို့ထည့်ပြီး သမအောင် မွှေပါ။ ထို့နောက် ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

အဖုံးအုပ်ထားပြီး မီးအေးအေးဖြင့် မိနစ် ၂၀ ခန့် တည်ပြီးတဲ့နောက်မှာတော့ ကြက်သားများ နူးနူးအိအိလေး ဖြစ်သွားပါပြီ။

ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ဖိလစ်ပိုင်ရိုးရာ အုန်းနို့ကြက်သားဟင်းတစ်ခွက် ရရှိသွားပါပြီ။

ထမင်းပူပူလေးနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Hanlasangpinoy.com