အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရိုးရာအစားအစာများကို နှစ်သက်ခုံမင်သူများအတွက် ဖိလစ်ပိုင်ရိုးရာ ကြက်သားဟင်း ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • အာလူး ၂ လုံး (အခွံခွာပြီး လေးစိပ် စိပ်ပါ)
  • မုန်လာဥနီ ၂ လုံး (အခွံခွာပြီး လေးထောင့်အတုံး တုံးပါ)
  • ငရုတ်ပွ အနီနှင့် အစိမ်း တစ်ဝက်စီ (အစေ့များဖယ်ရှားပြီး လေးထောင့်အတုံး တုံးပါ)
  • ကြက်သွန်နီ ၁ ဥ (အခွံခွာပြီး ပါးပါးလှီးပါ)

  • ကြက်သွန်ဖြူ ၃ မြွှာ (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • လက်မအရွယ်အစားရှိ ဂျင်းတုံး ၁ တုံး (အခွံခွာပြီး အချောင်းလိုက် ပ ါးပါးလှီးပါ)
  • ကြက်သား ၃ ပေါင် (အနေတော်တုံး တုံးပါ)
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • အုန်းနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း

  • ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ ထို့နောက် ပန်းကန်ထဲသို့ ပြောင်းထည့်ပါ။

၂။ ထိုဒယ်အိုးထဲသို့ပင် မုန်လာဥနီထည့်ပြီး ၂ မိနစ်ခန့် ကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပါ။

၃။ ထို့နောက် ငရုတ်ပွများထည့်ကာ စက္ကန့် ၄၀ ခန့် ကြော်ပါ။ ထို့နောက် အိုးထဲမှ ဆယ်ယူပါ။

၄။ တစ်ဖန် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ဆီသတ်ပါ။ ပြီးရင်တော့ ကြက်သားထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ငါးငံပြာရည်ထည့်ကာ ၁ မိနစ်ခန့် မွှေပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ အုန်းနို့နှင့် ရေများ လောင်းထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ပါ။ မိနစ် ၃၀ ခန့်ကြာပြီးနောက် ကြက်သားလည်း ကျက်သွားပြီဆိုရင်တော့ အာလူးနှင့် မုန်လာဥနီများထည့်ကာ ၅ မိနစ်ခန့် တည်ပါ။

၆။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်များထည့်ကာ ဟင်းရည် ပျစ်သွားသည်အထိ တည်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ငရုတ်ပွများထည့်ကာ ၁ မိနစ်ခန့် တည်ထားလိုက်ပါ။ (အခြားဟင်းခပ်အမွှေးအကြိုင်များနဲ့ မဆလာတို့ကလည်း ဒီအဆင့်မှာ ထပ်ထည့်ပေးနိုင်ပါတယ်။)

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဖိလစ်ပိုင်ရိုးရာ ကြက်သားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Kawalingpinoy.com