အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်း စပ်စပ်လေး စားသုံးချင်သူများအတွက် ကြက်ရင်အုံသား အစပ်ချက်နည်းလေး ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၄ တုံး (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း

  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ဂျင်း၊ သံလွင်ဆီ၊ ပဲငံပြာရည်၊ သကြားညို၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးဆော့စ်၊ ငရုတ်သီးမှုန့်တို့ကို သမအောင် ရောမွှေထားပါ။

၂။ ဇောက်နက်သေား လက်ဗန်းထဲသို့ ကြက်သားတုံးများ ထည့်ပြီးနောက် စောစောကရောမွှေထားသော ဆော့စ်များကို ကြက်သားတုံးပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ကြက်သားတုံးကို အခြားတစ်ဖက်သို့လှန်ကာ ထပ်မံသုတ်လိမ်းပေးလိုက်ပါ။ ကျန်ရှိနေတဲ့ဆော့စ်များကို ထိုလင်ဗန်းထဲသို့ အားလုံးလောင်းထည့်လိုက်ပါ။

၃။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

ထို့နောက် ကြက်သားလင်ဗန်းကို Oven ထဲတွင် ၁၈ မိနစ်မှ ၂၅ မိနစ်ခန့်အထိ ထည့်ကာ အပူပေးထားလိုက်ပါ။ (ကြက်သားတုံးရဲ့ အထူ အပါးပေါ် မူတည်ပြီး မိနစ်အနည်းငယ် အပြောင်းအလဲ ရှိပါလိမ့်မယ်။)

၄။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ရင်အုံသား အစပ်ချက်ဟင်းလျာတစ်ပွဲ ရရှိသွားပါပြီ။

Source: Jocooks.com