မင်္ဂလာပါ။ ဈေးထဲမှာ တွေ့နေကြဖြစ်တဲ့ ငါးခူကို ဒီတစ်ခါမှာတော့ ကြော်လည်းမစားဘူး၊ ဆီပြန်လည်းချက်မစားဘဲ ငပိချက်လေးပြောင်းစားကြည့်ရအောင်။ ငါးခူကို ငပိချက် ချက်စားမယ်ဆိုလို့ အချို့သူတွေအတွက် ထူးဆန်းနေနိုင်ပါတယ်နော်။ ဒါပေမယ့်လည်း တကယ်ကို အရသာရှိတဲ့ ဟင်းလျာလေးဖြစ်လို့ အခုပဲချက်နည်းလေးသိမ်းထားလိုက်ပြီး နောက်နေ့ချက်ကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်း
- ငါးခူငါးပိကောင် ၁ ကောင်
- ခရမ်းချဉ်သီးမှည့်မှည့် ၃ လုံး (ပါးပါးသေးသေးလှီးထားပါ)
- ကြက်သွန်နီ အကြီး ၁ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၃/၄ မွှာ (ထောင်းထားပါ)
- အရောင်တင်မှုန့် အနည်းငယ်
- နနွင်းမှုန့် အနည်းငယ်
- ဆီ ၂ ကျပ်ခွဲသား
- ငရုတ်သီးစိမ်း ၁၀ တောင့်
- ဆား
- နံနံပင်
ပြုလုပ်နည်း
- ငါးခူ ငပိကောင်များကို ချက်ရန် အတွက် အနေတော် တုံးရ်ျ ရေနွေးနွေးလေးထဲတွင် ဆားဓါတ်များ လျော့သွားစေရန် ၁၀မိနစ်ခန့် စိမ်ထားပါ။ ပြီးလျင် ရေထဲတွင် ရှလကာရည် (ပိုးမွှားများ ကင်းစင်အောင်) အနည်းငယ် ထည့်၍ သန့်စင်အောင် ဆေးပြီး ရေစစ်ထားပါ။
- ဒယ်အိုးထဲ ဆီပူလာလျှင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ဆီသပ်ပြီး နွမ်းလာလျှင် နနွင်းမှုန့် ၊ အရောင်တင်မှုန့် ထည့်ပါ။ပြီးလျင် ခရမ်းချဉ်သီး ထည့်မွှေပေးပြီး တုံးထားသော ငါးခူ ငပိကောင်များကို အိလာလျှင် ထည့်ပါ။
- ရေသင့်ရုံထည့်ပြီး အဖုံး အုပ်ထားပါ။ ခဏကြာလျင် ငါးခူ ငပိကောင်လေးများ အိလာလျှင် ငရုတ်သီးစိမ်း နှင့် နံနံပင်အုပ်ပြီး မီးပိတ်လို့ ရပါပြီ ။ အရသာ အပေါ့အငံမြည်း၍ ဆား ၊ ငရုပ်စပ်တို့ကို ထည့်နိုင်ပါသည်။
- အနံ့ အရသာနှင့် ပြည့်စုံတဲ့ ငါးခူငပိကောင် ငပိချက် ဟင်းလေး တစ်ခွက် ရပါပြီ။ အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar