ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၅ လုံး (ပါးပါးလှီးထားပါ)
  • ငပိရည်ကျို ၃/၄ ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်နီ အကြီး ၁ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ (ထောင်းထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • အရောင်တင်မှုန့် အနည်းငယ်
  • ခရမ်းကြွတ်သီး ၅ လုံး (ထက်ခြမ်း ခြမ်းပါ)
  • ငရုတ်သီးစိမ်း ၇/၈ တောင့်
  • ဆီ ၂ ကျပ် ခွဲ သား
  • ဆား အနည်းငယ်

ပြုလုပ်နည်း

  1. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ထောင်းထားသော ကြက်သွန် နှင့် ကြက်သွန်ဖြူ များကို ဆီသတ်ပါ။
  2. ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျင် လှီးထားသော ခရမ်းချဉ်သီး ၊ ဆား ၊ နနွင်းမှုန့် နှင့် အရောင်တင်မှုန့်ကိုထည့်ပါ။
  3. ခရမ်းချဉ်သီး ညှိုးသွားလျင် ရေနွေးတခွက်ခန့် ထည့်ပြီး ဟင်းအနှစ်ဖြစ်အောင် မီးမီးအေးအေးနှင့် တည်ပြီး မကြာခဏ မွှေပေးပါ။
  4. ပြီးလျင် ခရမ်းကြွတ်သီး ၊ ငပိရည်ကျို နှင့် ငရုတ်သီးစိမ်းကို ချိုးပြီး ထည့်ပါ။
  5. ခရမ်းကြွတ်သီးများ နူးသွားလျင် အရသာ အပေါ့အငံ မြည်း၍ တို့စရာနှင့် တွဲ၍ သုံးဆောင်နိုင်ပါပြီ။ အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar