[Unicode]
အခုလို မိုးတွင်းရာသီမှာ လတ်ဆပ်စုံလင်စွာ ရရှိတဲ့ တို့စရာ ရာသီပေါ် ဒညှင်းသီး နဲ့ လက်ဖက်ညီ အောင် တွဲ စားမယ်ဆိုရင်တော့ စည်ရဲ့ သရက်သီး ငခြောက်မှုန့် ငပိထောင်းလေးကို ထောင်း စားကြည့်လိုက်နော်…
ပါဝင်ပစ္စည်းများ
- ငရုတ်သီး စိမ်း – ၁၀ ကျပ်သား (အစပ်မျိုး)
- စိမ်းစားငပိ – ၅ ဇွန်း စားပွဲဇွန်း (ငပိ ကိုမီး မျင်းနဲ့ ဖုတ်ပါ မွှေးလာသည်ထိပါ)
- ဆား – ၁ ဇွန်း လက်ဖက်ဇွန်း
- ငံပြာရည် – ၃ ဇွန်း လက်ဖက်ဇွန်း (လိုသလောက်)
- သရက်သီးအစိမ်း – ၁ လုံး (အချောင်းလေးတွေ ခြစ်ထားပါ)
- ငါးခြောက်မှုန့် – ၂ ဇွန်း စားပွဲဇွန်း
ပြုလုပ်နည်း
ငရုတ်သီး စိမ်းကို ရေစင်အောင်ဆေးပြီး အိုးထဲမှာ ငရုတ်သီး မြုတ်ရုံ ရေထည့်ပြီးပြုတ်ပါ။ ငရုတ်သီး ပျော့လာရင် ရပါပြီ။ ရေစင်အောင်စစ်ပါ။
စိမ်းစားငပိ ကို ဖုတ်ရာမှာ မီးမျှင်းလေးနဲ့ဖုတ်ပြီး မတူးပါစေနှင့်၊ အနံမွှေးယုံသက်သက်ပါ။
ပြုတ်ထားသော ငရုတ်သီးနဲ့ သရက်သီးအချောင်းလေးများကိုအတူ ထောင်းပေးပါ။ (ကြိတ်စက်နဲ့ ကြိတ်လျှင် ပိုမြန်ပြီး ငရုတ်စေ့တွေလည်း ညုက်လွယ်ပါတယ်)။
ညက်လာသော ငရုတ်သီးကို ကျန်ပစ္စည်းများ ထည့်ပြီး မွှေပါ။ ဆား အပေါ့အငန် မြည်းပြီးလျှင် လေလုံဗူးထဲမှာ ထဲပြီး ခဲထားလို့ ရပါတယ်။
စားသုံးခါနီးမှ စားပွဲဇွန်း ၃ ဇွန်း လောက်ကို ပန်းကန်ထဲထည့်ပြီး ကြိုက်နှစ်သက်ရာ ရာသီပေါ် တို့စရာဖြင့် စားသုံးနိုင်ပါသည်။
Credit: Syi Lwin Foods Garden
[Zawgyi]
အခုလို မိုးတြင္းရာသီမွာ လတ္ဆပ္စုံလင္စြာ ရရွိတဲ့ တို႕စရာ ရာသီေပၚ ဒညွင္းသီး နဲ႕ လက္ဖက္ညီ ေအာင္ တဲြ စားမယ္ဆိုရင္ေတာ့ စည္ရဲ႕ သရက္သီး ငေျခာက္မႈန္႔ ငပိေထာင္းေလးကို ေထာင္း စားၾကည္႔လိုက္ေနာ္…
ပါ၀င္ပစၥည္းမ်ား
- ငရုတ္သီး စိမ္း – ၁၀ က်ပ္သား (အစပ္မ်ိဳး)
- စိမ္းစားငပိ – ၅ ဇြန္း စားပဲြဇြန္း (ငပိ ကိုမီး မ်င္းနဲ႔ ဖုတ္ပါ ေမႊးလာသည္ထိပါ)
- ဆား – ၁ ဇြန္း လက္ဖက္္ဇြန္း
- ငံျပာရည္ – ၃ ဇြန္း လက္ဖက္ဇြန္း (လိုသေလာက္)
- သရက္သီးအစိမ္း – ၁ လံုး (အေခ်ာင္းေလးေတြ ျခစ္ထားပါ)
- ငါးေျခာက္မႈန္႕ – ၂ ဇြန္း စားပဲြဇြန္း
ျပဳလုပ္နည္း
ငရုတ္သီး စိမ္းကို ေရစင္ေအာင္ေဆးၿပီး အိုးထဲမွာ ငရုတ္သီး ျမဳတ္ရံု ေရထည့္ၿပီးျပဳတ္ပါ။ ငရုတ္သီး ေပ်ာ႔လာရင္ ရပါၿပီ။ ေရစင္ေအာင္စစ္ပါ။
စိမ္းစားငပိ ကို ဖုတ္ရာမွာ မီးမွ်င္းေလးနဲ႕ဖုတ္ၿပီး မတူးပါေစနွင္႔၊ အနံေမႊးယံုသက္သက္ပါ။
ျပဳတ္ထားေသာ ငရုတ္သီးနဲ႔ သရက္သီးအေခ်ာင္းေလးမ်ားကိုအတူ ေထာင္းေပးပါ။ (ႀကိတ္စက္နဲ႕ ႀကိတ္လွ်င္ ပိုျမန္ၿပီး ငရုတ္ေစ့ေတြလည္း ညုက္လြယ္ပါတယ္)။
ညက္လာေသာ ငရုတ္သီးကို က်န္ပစၥည္းမ်ား ထည့္ၿပီး ေမႊပါ။ ဆား အေပါ႕အငန္ ျမည္းၿပီးလွ်င္ ေလလံုဗူးထဲမွာ ထဲၿပီး ခဲထားလို႔ ရပါတယ္။
စားသံုးခါနီးမွ စားပဲြဇြန္း ၃ ဇြန္း ေလာက္ကို ပန္းကန္ထဲထည္႔ၿပီး ႀကိဳက္နွစ္သက္ရာ ရာသီေပၚ တို႔စရာျဖင္႔ စားသံုးနဳိင္ပါသည္။
Credit: Syi Lwin Foods Garden