အားလုံးပဲ မင်္ဂလာပါ။ ရာသီဥတုအေးလာပြီဆိုတော့ ချဉ်ချဉ်စပ်စပ်လေးတွေစားဖို့ ခံတွင်းကတောင့်တလာပြီထင်ပါတယ်နော်။ ဒါကြောင့် အခု ငါးကြင်းနဲ့ ချဉ်စော်ကားသီးချဉ်စပ်ချက်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ အရသာအလွန်ရှိပြီး ရှူးရှူးရှဲရှဲလေးနဲ့ဆိုတော့ ခံတွင်းအလွန်မြိန်မှာပါ။
ပါဝင်ပစ္စည်းများ
ငါး
ချဉ်စော်ကားသီးခြောက်
ခရမ်းချဉ်သီး
ကြက်သွန်ဖြူနီ
ဆား
ဆနွင်း
အချိုမှုန့်
ပုဇွန်ငံပြာရည်
ငြုပ်သီးစိမ်း
ဆီ
ပြုလုပ်နည်း
ငါးတွေ သန့်စင်ပြီး ဆား ၊ ဆနွင်း ၊ အချိုမှုန့်နယ် ထားပါ။
ချဉ်စော်ကားသီး ခြောက်တွေ ရေစိမ် ထားပါ။
ကြက်သွန်ဖြူနီ ခရမ်းချဉ်သီး ဆီသက်ပါ။
ဆီပြန်တော့ ပုဇွန်ငံပြာရည် နဲ့ ငါးတွေ ထည့်ပါ ။ သူ့ရေခန်းတော့ ချဉ်စော်ကားသီး နဲ့ ရေ လိုသလောက် ထည့်ပါ။
ငါးကျက်တော့ ရေဆူ တော့ ငြိုပ်သီးစိမ်း ဗမာနံနံ ချိုငံ မြည်း ပြီး သုးံဆောင် နိုင်ပါသည်။
(အကြိုက်တူက ချက်ပါနော် အိမ်ချက်တဲ့ နည်းလေးပါ)
Credit: Daw Suu Suu