ရေညှိ စွပ်ပြုတ်လေးကို ငါးအသားလုံးလေးနဲ့ ပြုတ်စားရအောင်။

ပါဝင်ပစ္စည်းများ

ငါးအသားလုံး အလုံး ၂၀

ရေညှိခြောက် ၄ ဂရမ်

ရေ ၂ လီတာ

ငရုတ်ကောင်းအဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ ပုံ

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၁ဇွန်း

ဂျင်း လက်တစ်ဒစ် (ထောင်းထားပါ)

ကြက်သွန်မြိတ် နှင့် နံနံပင် ခွက် ၁ ခွက်စာ

ပြုလုပ်နည်း

ရေ ၂ လီတာကို အိုးကြီး ၁ အိုးထဲထည့်ပြီး တည်ထားပါ။ ဂျင်းထည့်ပါ။ ဆီအောင်တည်ပါ။

မီးကို ပြန်လျော့ပြီး ငါးအသားလုံးများကိုထည့်ပါ။ ရေကို ပွက်ပွက်ဆူအောင် မီးအလယ်အလတ်ဖြင့် ပြန်တည်ပါ။ မီးပြန်လျော့ပြီး မိနစ် ၂၀ လောက်ထားပါ။

မီးကို ပြန်မြှင့်ပြီး ရေညှိ ခြောက်များကို ထည့်ပါ။

၂ မိနစ်လောက်ဆူပွက်အောင်ထားပါ။ မီးပြန်ပိတ်ပြီး ငရုတ်ကောင်း၊ ပဲငံပြာရည်၊ ဆား နှင့် နှမ်းဆီတို့ကိုထည့်ပါ။ အပေါ်ကနေ ကြက်သွန်မြိတ်နှင့် နံနံပင် ထည့်လိုက်ပါ။

ဒါဆိုရင်အရသာရှိသည့် လွယ်ကူရိုးရှင်းသည့် ငါးအသားလုံး စွပ်ပြုတ်ရပါပြီနော်။

Photos Credit: China Sichuan Food