စာဖတ်ချစ်ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါနော်။ အဆီအဆိမ့်တွေကို စားရလို့ စိတ်ကုန်နေပြီး အပြောင်းအလဲလေးဖြစ်အောင် ဘာစားရမလဲ ခေါင်းခဲနေပြီလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ငါးဖယ်၊ ပဲသီးသုပ်လေးက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါပဲ။ အချိန်လည်းမကုန်၊ လုပ်ရတာလည်းလွယ်လွန်းလှ ဆိုတော့ လူကြိုက်များမှာ အသေချာပါ။
ပါဝင်ပစ္စည်းများ
- ငါးဖယ်ကြော်
- ပဲသီး
- ကြက်သွန်ဖြူ ဆီချက်
- ပုဇွန်ငပိ၊ ပုဇွန်ငံပြာရည်၊ ဆား
- ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ဗမာနံနံပင်
ပြုလုပ်နည်း
ငါးဖယ်ကြော်ကို လိုသလို အရွယ်ညှပ်ပါ။ ပဲသီး သေးသေးလှီးပါ။
ငရုတ်သီးစိမ်းများ ထောင်းထာားပါ။ ကြက်သွန်ဖြူ ဆီချက်ထဲတွင် ပုဇွန်ငပိထည့်ပြီး ဆီသတ်ပါ။
အထက်ပါ ၁ မှ ၄ ကို စားနိုင်သလောက် ပုဂံထဲထည့်၍ ပုဇွန်ငံပြာရည် ၊ သံပုရာသီး ၊ ဗမာနံနံ ထည့်၍ နယ်ပြီး အချိုအငံ မြည်း၍ သုးံဆောင်နိုင်ပါသည်။
Credit: Daw Suu Suu