ဒီဟင်းလေးကို ချက်ပြီး စားတိုင်း မာမာ့အမေကို မာမာ အရမ်းသတိရမိပါတယ်။ အမေ သိပ်ကြိုက်ပြီး သက်ရှိထင်ရှား ရှိနေတုန်းက မကြာမကြာ ချက်စားတတ်တဲ့ ဟင်းလေးပါ။ မာမာ့အမေကတော့ ငါးရံ့၊ ငါးခူ၊ ငါးကြင်း၊ ငါးမြစ်ချင်းတို့နဲ့ ချက်စားတတ်ပါတယ်။ မာမာကတော့ အရိုးများလွန်းတဲ့ ငါးသလောက်ကို ရသလောက် အသားလွှာပြီး ချက်ထားပါတယ်။
ပါဝင်ပစ္စည်းများ
- လက်နှစ်လုံးလောက် အရွယ်တုံးထားသော ငါးအသားလွှာ – ၁၅ တုံး
- ငါးငပိရည်ကျို လက်ဖက်ရည် အကြမ်းပန်းကန် – ၁ လုံး
- ငရုတ်သီး အကြမ်းမှုန့် – ၂ ဇွန် (ထမင်းစားဇွန်း)
- ငါးငံပြာရည် – ၂ ဇွန်း (ထမင်းစားဇွန်း)
- ဆီ – ၄ ဇွန်း (ထမင်းစားဇွန်း)
- ခရမ်းချဉ်သီး ခပ်ကြီးကြီး – ၂ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ အမွှာကြီးကြီး – ၃ မွှာ (လေးစိပ် စိပ်ထားပါ)နှင့် ကြက်သွန်ဖြူ – ၃ မွှာ (နုတ်နုတ်စင်းထားပါ)
- ကြက်သွန်နီ အနေတော် – ၁ လုံး (ခပ်ပါးပါးလှီးထားပါ)
- နနွင်းမှုန့် – ၄ ပုံ ၁ ပုံ (လက်ဖက်ရည်ဇွန်း)
- အရသာမှုန့် – တဝက်သာသာ (လက်ဖက်ရည်ဇွန်း)
ပြုလုပ်နည်း
၁။ ဆီကို ပူအောင်တည်ပြီး နနွင်းမှုန့် ထည့်ကာ နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ ၊ ပါးပါးလှီး ထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ ။
၂။ ကြက်သွန်များ နွမ်းသည်နှင့် ငရုတ်သီးမှုန့်ကို မွှေးလာအောင် ကြော်လိုက်ပါ ။
၃။ ငရုတ်သီးမွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်ချက်ပေးပါ ။
၄။ ခရမ်းချဉ်သီး ကျေသွားလျှင် ငါးကိုထည့်မွှေကာ ငါးအသား မာကြောလာအောင် အိုးကို မကြာ မကြာ လှုပ်ပေးပြီး ၃ မိနစ်လောက် ချက်ပေးပါ ။
၅။ ငါးအသား မာကြောလာမှ ငံပြာရည် ၊ ငါးငပိရည် ၊ အရသာမှုန့် နှင့် ရေ လက်ဖက်ရည် အကြမ်းပန်းကန်လုံး ၂ လုံးလောက် ထည့်ပြီး အိုးအဖုံး အုပ်ကာ တည်ပေးပါ ။
၆။ ရေဆူလာပြီး ရေကျန် ဆီပြန် ဖြစ်လာချိန်မှာ ငရုတ်သီးတောင့် နှင့် ကြက်သွန်ဖြူ ကိုထည့်မွှေပြီး ၂ မိနစ်လောက် ပွက်ပွက်ဆူအောင် ထားပြီး အရသာ အပေါ့အငံ မြည်းကာ စားသုံးနိုင်ပါပြီ ။
Credit: Mar Mar Lwin