အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ (၁၀) မိနစ်၊ (၁၅) မိနစ်တည်းနဲ့ ချက်ပြုတ်ပြီးစီးနိုင်တဲ့ ပဲပြားဟင်းစပ်စပ်လေး ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ တုံး (အတုံးသေးသေးလေး တုံးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (အဖြူနှင့် အစိမ်းကို သပ်သပ်စီ ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ဂျင်း ၁ တုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၅ တောင့် (ပါးပါးလှီးထားပါ)

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဝက်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ရေ အနည်းငယ်၊ ငရုတ်ဆီ၊ ပဲငံပြာရည်၊ ရှာလကာရည်၊ သကြားနှင့် ပြောင်းမှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ် (ဖြူသော အစိတ်အပိုင်းသာ) တို့ ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။

၃။ ကြက်သွန်ဆီသတ်တဲ့အနံ့လေး သင်းလာပါက ပဲပြားထည့်ပြီး ဖြည်းညှင်းစွာ မွှေကြော်ပေးလိုက်ပါ။

၄။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော ငရုတ်ဆီဆော့စ်များကို လောင်းထည့်ကာ ၂ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၅။ ပြီးရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ စားခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ပေးလိုက်ပါ။

Source : Chinasichuanfood.com