(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ပဲပြားဟင်းစပ်စပ်လေး စားသုံးချင်သူများအတွက် လွယ်ကူရိုးရှင်းတဲ့ ဟင်းချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၅ တောင့် (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲပြား ၂ တုံး
  • ရှာလကာရည် စားပွဲတင်ဇွန်း တစ်ဝက်နှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပဲပြားကို အနေတော် အတုံးငယ် (၂ စင်တီမီတာ အရွယ်အစားခန့်) တုံးထားလိုက်ပါ။
၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ရေ၊ ငရုတ်ဆီ၊ ပဲငံပြာရည်၊ ရှာလကာရည်၊ သကြားနှင့် ပြောင်းမှုန့်တို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး တစ်မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။
၄။ ထို့နောက် ပဲပြားများထည့်ကြော်ပေးလိုက်ပါ။
၅။ ပဲပြားများ မကျက်တကျက်အချိန်မှာ အဆင့် (၂) တုန်းက ပြုလုပ်ထားတဲ့ ဆော့စ်များထည့်ကာ ၂ မိနစ်ခန့် ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြားဟင်းလေးရရှိသွားပါပြီ။
ရရှိလာတဲ့ ပဲပြားဟင်းကို ပန်းကန်ပြားထဲပြောင်းထည့်ပေးလိုက်ပါ။ ကြက်သွန်မြိတ်လေး ဖြူးထည့်ပြီး ထမင်းနဲ့အတူတူ အရသာရှိရှိစားသုံးနိုင်ပါပြီ။
Source: Chinasichuanfood.com
(Zawgyi)
ပါဝင်ပစ္စည်းများ
  • ပဲပြား ၂ တုံး