[Unicode]
ပါဝင်ပစ္စည်း
- ငါးဖယ် ၂၀သား၊ ခရမ်းချဉ်သီး ၁၀သား
- ကြက်သွန်ဖြူ ၁ဥ၊ ကြက်သွန်နီ ၂ဥ
- ငရုပ်သီးအရောင်တင်မှုန့် ၁ဇွန်း (လဖက်ရည်ဇွန်း)
- ဆနွင်းမှုန့်၊ ဂျင်း၊ ငံပြာရည်၊ ဆား အနည်းငယ်
- ဆီ ၅ကျပ်သားခန့် (ဟင်းချက်ရန်)၊ ငရုတ်သီးစိမ်း ၅တောင့်၊ နံနံပင်
ပြုလုပ်ပုံ
ဇလုံထဲတွင် ငါးဖယ်၊ ဆနွင်းမှုန့် ၊ ဆား၊ ဂျင်းအရည် တို့ကိုနှံ့အောင် ရောနယ်ပါ။ လက်တွင် ဆီသုတ်ပြီး ငါးဖယ်ကို ၂လက်မခန့် အရှည်လိုက် ပုံစံလုပ်ထားပါ။
ဒယ်အိုးထဲတွင် ဆီထည့်၍ ပူလာလျှင် ငါးဖယ်ထည့်၍ အပေါ်အရေခွံ တင်းရုသာကြော်ပြီး ဆီအိုးထဲမှ ဆယ်ထားပါ။ ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆနွင်းမှုန်တို့ကို ငါးဖယ်ကြော်ထားသည့် ဆီအနည်းငယ်ကို ယူ၍ ဆီသပ်ပါ။
ဆီသပ်သည့် ကြက်သွန်များအရောင် ပြောင်းစပြုလျှင် သေးသေးလှီးထားသော ခရမ်းချဉ်သီးများကို ထည့်၍ လိပ်နေအောင် ဆီသပ်ပါ။ ပြီးလျှင် အရောင်တင်မှုန့် အနည်းငယ်ကို အရင်ထည့်ပြီး ငံပြာရည်ထည့်ပါ။
ခဏနေလျှင် ရေနွေးခွက်တဝက်ခန့် ထည့်၍ အနှစ်ဖြစ်လာသည်အထိ ချက်ပါ။ ခရမ်းချဉ်သီး အကုန်ကြေ၍ အနှစ်ဖြစ်သွားလျှင် ငရုတ်သီးစိမ်းအတောင့်ကို တပြားရိုက်ထည့်ပြီး ကြော်ထားသည့် ငါးဖယ်ကိုထည့်ပါ။
ပြီးလျှင် အပေါ့အငံ မြည်း၍ နံနံပင်အုပ်ကာ မီးဖိုပေါ်မှ ချလိုက်ပါ။ စားရန်အဆင်သင့် ဖြစ်ပါပြီ။
Credit: MF.WW
Photo Credit: Ko Ko Hnin Maung
[Zawgyi]
ပါဝင္ပစၥည္း
- ငါးဖယ္ ၂၀သား၊ ခရမ္းခ်ဥ္သီး ၁၀သား
- ၾကက္သြန္ျဖဴ ၁ဥ၊ ၾကက္သြန္နီ ၂ဥ
- ငရုပ္သီးအေရာင္တင္မႈန္႔ ၁ဇြန္း (လဖက္ရည္ဇြန္း)
- ဆႏြင္းမႈန္႔၊ ဂ်င္း၊ ငံျပာရည္၊ ဆား အနည္းငယ္
- ဆီ ၅က်ပ္သားခန္႔ (ဟင္းခ်က္ရန္)၊ ငရုတ္သီးစိမ္း ၅ေတာင့္၊ နံနံပင္
ျပဳလုပ္ပံု
ဇလံုထဲတြင္ ငါးဖယ္၊ ဆႏြင္းမႈန္႔ ၊ ဆား၊ ဂ်င္းအရည္ တို့ကိုနွံ႔ေအာင္ ေရာနယ္ပါ။ လက္တြင္ ဆီသုတ္ျပီး ငါးဖယ္ကို ၂လက္မခန္႔ အရွည္လိုက္ ပံုစံလုပ္ထားပါ။
ဒယ္အိုးထဲတြင္ ဆီထည့္၍ ပူလာလွ်င္ ငါးဖယ္ထည့္၍ အေပၚအေရခြံ တင္းရုုသာေၾကာ္ျပီး ဆီအုိးထဲမွ ဆယ္ထားပါ။ ေထာင္းထားေသာ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဆႏြင္းမႈန္တို့ကို ငါးဖယ္ေၾကာ္ထားသည့္ ဆီအနည္းငယ္ကို ယူ၍ ဆီသပ္ပါ။
ဆီသပ္သည့္ ၾကက္သြန္မ်ားအေရာင္ ေျပာင္းစျပဳလ်ွင္ ေသးေသးလွီးထားေသာ ခရမ္းခ်ဥ္သီးမ်ားကို ထည့္၍ လိပ္ေနေအာင္ ဆီသပ္ပါ။ ျပီးလ်ွင္ အေရာင္တင္မႈန္႔ အနည္းငယ္ကို အရင္ထည့္ျပီး ငံျပာရည္ထည့္ပါ။
ခဏေနလ်ွင္ ေရေႏြးခြက္တဝက္ခန္႔ ထည့္၍ အႏွစ္ျဖစ္လာသည္အထိ ခ်က္ပါ။ ခရမ္းခ်ဥ္သီး အကုန္ေၾက၍ အနွစ္ျဖစ္သြားလ်ွင္ ငရုတ္သီးစိမ္းအေတာင့္ကို တျပားရုိက္ထည့္ျပီး ေၾကာ္ထားသည့္ ငါးဖယ္ကိုထည့္ပါ။
ျပီးလ်ွင္ အေပါ့အငံ ျမည္း၍ နံနံပင္အုပ္ကာ မီးဖိုေပၚမွ ခ်လိုက္ပါ။ စားရန္အဆင္သင့္ ျဖစ္ပါျပီ။
Credit: MF.WW
Photo Credit: Ko Ko Hnin Maung