ပါဝင်ပစ္စည်းများ
- မုန့်တီ
- ငါးဖယ်
- ဆားဂျင်း
- ငံပြာရည် – သင့်ရုံ
- နနွင်း – အနည်းငယ်
- စပါးလင် အနည်းငယ်
- ကြက်သွန်ဖြူ
- နံနံပင်အမြစ်
- ပိတ်ဆွယ်
- တရုတ်နံနံ
ပြုလုပ်နည်း
- ငါးဖယ် အရွယ်တော်လေးများကို သန့်စင်ကာ ဆား၊ ငံပြာရည် -သင့်ရုံ၊ နနွင်း – အနည်းငယ်၊ စပါးလင် အနည်းငယ်ဖြင့် ပြုတ်ပြီး အအေးခံ ထားပါ။ ငါးလေးများကို ငရုပ်ဆုံမှာ ထည့်ထောင်းပြီး အရိုးလေးများ မပါအောင် ရေစစ် ယူထားပါ။
- စစ်ထားသော ငါးဟင်းရည်လေး ထဲသို့ ဂျင်း၊ ကြက်သွန်ဖြူ မညက်တညက် ထောင်းထည့်ပါ။ နံနံပင် အမြစ်လေးများလည်း မညက်တညက် ထောင်းထည့်ပါ။
- ပိတ်ဆွယ်လေးများနှစ်သက်လျှင်ထည့်ပေးပါ။ အရသာ အပေါ့အငံ အတွက် ဆား၊ ငံပြာရည် လိုသလို ချိန်ဆ ထည့်ပါ။
- စိတ်ကြိုက် အနေရလျှင် တရုတ်နံနံလေးများ ခပ်ပြီးလျှင် မုန့်တီလေးနှင့် တွဲဖက်စားသုံးရန် အနံလေးမွှေးပြီး အရသာမှုန့်များ သုံးရန်မလိုတဲ့ ငါးဖယ်ဟင်းချို ပူပူလေးရပါပြီ။
Credit: Soe`s Cooking Collection