ပါဝင်ပစ္စည်းများ

  • ငါးနှပ်၊ မရမ်းပြားခြောက်၊ စပါးလင်တစ်ပင်
  • ရှမ်းနံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ငရုပ်သီးစိမ်း၊ ဆနွင်း
  • မျှင်ငပိ၊ ဆား
  • အသားမှုန့်၊ စပါးလင်

ပြင်ဆင်ပြုလုပ်နည်း

ငါးနှပ်ကို သန့်စင်ပြီး ပိုင်းထားပါ။ မရမ်းပြားခြောက်ကို ရေနွေးနဲ့ စိမ်ထားပါ။ စပါးလင်တစ်ပင်၊ ရှမ်းနံနံတို့ကို အနေတော် လှီးဖြတ်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်းတို့ကို ထောင်းထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ဆီအနည်းငယ်နဲ့ ဆီသတ်ပါ။ ဆနွင်း၊ မျှင်ငပိအရည်ဖျော်ထည့်၊ မရမ်းပြားရည်နဲ့ ရေဖန်ခွက် တစ်ခွက်စာလောက်ထည့်ပြီး ဆူအောင်တည်ပါ။ ဆား၊ အသားမှုန့်၊ စပါးလင်တို့ထည့်ပြီး ငါးကိုထည့်ပါ။

ပွက်ပွက်ဆူလို့ အရသာအနေတော်ဖြစ်ရင် ငရုပ်သီးစိမ်၊ ရှမ်းနံနံတို့ထည့်ပြီးရင် ရပါပြီ။ ရာသီစာ တန်ဖိုးနည်းပြီး ထမင်းမိန်တဲ့ ဟင်းတစ်ခွက်ပါ ။
(ငါးကိုပိုင်းပြီး ဘာမှမနယ်ပါဘူး ။ ဟင်းရည်ထဲအရသာအရင်ထည့်ပြီး ပွက်ပွက်ဆူမှ ငါးကိုထည့်ပါတယ်။ အရမ်းမမွှေရပါဘူး။ ငါးကနူးညံ့လို့ မွှေရင်ကြေကုန်ပါတယ်။ ဟင်းရည်ကို ကိုယ်လိုသလောက်လေးပဲထည့်ပါ။ မျှင်ငပိကိုပိုထည့်ပါ မရမ်းပြားအချဉ်က မျှင်ငပိနဲ့မှ လိုက်ဖက်ပါတယ်။)

Credit: Naing Naing