အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်တောင်ပံကို ငါးငံပြာရည်နဲ့ ချက်စားရအောင်။
ပါဝင်ပစ္စည်း
- ကြက်သွန်ဖြူ ၈ မွှာ
- ဆား အနည်းငယ်
- ရေနွေး ခွက် ၁/၄ ပုံ
- ငါးငံပြာရည် ခွက်တစ်ဝက်
- သကြား ခွက်တစ်ဝက်
- ကြက်တောင်ပံ ၁ ပေါင်ခွဲခန့်
- ဆန်မှုန့် တစ်ခွက်ခန့်
- ကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ရေ ခွက် ၁/၄ ပုံ
- ငရုတ်သီး အနှစ်
ပြုလုပ်နည်း
အရင်ဆုံး ကြက်သွန်ဖြူနဲ့ ဆားကိုရောလိုက်ပါ။ ရေနွေးထည့်လိုကပြီး ၁၀ မိနစ်လောက်ထားပါ။ ငါးငံပြာရည်ထည့်ပါ။ သကြားထည့်ပါ။ သကြားပျော်သွားတဲအ့ထိ မွှေပေးလိုက်ပါ။
ကြက်တောင်ပံကို ရေသေချာဆေးလိုက်ပြီး စောစောက ငါးငံပြာရည် ရောထားတာကို တစ်ဝက်ခွဲလိုက်ပြီး နယ်လိုက်ပါ။ ၄ နာရီ (သို့) ညလုံးပေါင်စိမ်ထားလိုက်ပါ။
ပြီးရင်တော့ ၁၅ မိနစ်လောက် ဆစ်ထားလိုက်ပါ။
ဆန်မှုန့်၊ ကော်မှုန့်တို့နဲ့လူးပေးလိုက်ပါ။
တောင်ပံကို ၄၇၅ ဒီဂရီနဲ့ ၂၄ မိနစ်လောက် ဖုတ်ပေးလိုက်ပါ။
ရေခွက် ၁/၄ ပုံထည့်လိုက်ပြီး ငါးငံပြာရည်ရောထားတာနဲ့ နယ်လိုက်ပါ။
အိုးပူပူထထြည့်လိုက်ပါ။ ငရုတ်သီးအနှစ်ထည့်ပါ။ ရေဆူလာရင် ကြက်တောင်ပံထည့်လိုက်ပါ။
၁ မိနစ်လောက်မွှေပေးလိုက်ပါ။ ပြီးရင်တော့ နံနံပင်သခွားသီးတို့ ရံပြီး သုံးဆောင်နိုင်ပါပြီနော်။
Source: www.thewoksoflife.com
By: MyFood Myanmar