ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း ၄ မျိုးထဲနဲ့ အရသာရှိတဲ့ ကြက်တောင်ပံကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ထမင်းကို ဆီနဲ့ဆားနဲ့နယ်ပြီး ကြက်တောင်ပံကြော်လေးနဲ့ စားလို့လည်းရသလို၊ ဒီတိုင်းအမြည်းလုပ်စားလို့လည်းရတယ်။ အအေးလေးသောက်ပြီးလည်း စားလို့ရတယ်။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်တောင်ပံ၊ ငါးငံပြာရည်၊ ငရုပ်ကောင်းမှုန့်အဖြူ၊ ဆန်မှုန့် စတာတွေပဲ ဖြစ်ပါတယ်။
ကြက်တောင်ပံ ၁၂ ခု (သို့) ၁၃ ခုလောက်ကို ပန်းကန်ထဲထည့်ပြီး ငါးငံပြာရည် – စားပွဲတင်ဇွန်းတစ်ဇွန်းခွဲထည့်ကာ သမအောင်နယ်လိုက်ပါ။
နယ်ပြီးရင် ဆီစုပ်စက္ကူနဲ့သုတ်ပေးပါ။
ငရုပ်ကောင်းမှုန့်အဖြူ – အနည်းငယ်ဖြူးပေးပါ။ ဆန်မှုန့် – ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာကို ထည့်ပြီး နယ်ပေးပါ။
ဒယ်အိုးထဲကို ဆီထည့်ပြီး ကြော်ပါ။ ဆီများများထည့်ကြော်ရင် ပိုကောင်းပါတယ်။
ကြော်လို့ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားလို့ရပါပြီ။
Source: www.pailin’skitchen