ပါဝင်ပစ္စည်းများ
- ငါးလိပ်ကျောက် အူ – ၆၀ ကျပ်သား
- ရှောက်သီး
- ဆား
- ရှောက်ရွက်
- ငြုပ်သီးစိမ်း
- ကြက်သွန်နီ
- ငြုပ်ကောင်းစေ့
- စိမ်းစားငပိ
- နံနံပင်
ပြုလုပ်နည်း
ငါးအူများကို ရေစင်အောင်ဆေး ၊ ရှောက်သီး ၊ဆား နဲ့နယ်ကာ အချွဲတွေစင်သွားအောင် အထပ်ထပ်ဆေးကြောရပါတယ်။
ပြီးတော့ ရှောက်ရွက်နဲ့ ဆူလာတဲ့အထိ ပြုတ်ရပါတယ် ။ အသားကျက်သွားတဲ့အခါ ရေသွန်ပြီး ၊ အတုံးသေးသေး လေးတွေတုံးထားပါ
နောက်ဆုံး တုံးထားတဲ့ ငါးအူ အတုံးလေးတွေကို ငြုပ်သီးစိမ်း ၊ ငြုပ်ကောင်းစေ့ ၊ ကြက်သွန်နီ ၊ စိမ်းစားငပိ ၊ ဆား ၊ နံနံပင်တို့နဲ့ သုပ်လိုက်တဲ့အခါ အရသာ ထူးခြားကောင်းမွန်တဲ့ ငါးအူသုတ်ဟင်းတစ်ပွဲ ရပါပြီ။
Credit: Shwe Pu Nyi