အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ခံတွင်း မတွေ့တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ နာမကျန်း ဖျားနာတဲ့အချိန်မှာပဲဖြစ်ဖြစ် အရသာရှိရှိ သောက်သုံးနိုင်တဲ့ ငါးစွပ်ပြုတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး ၁ ပေါင်
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်ဥပြုတ် ၄ လုံး (ပါးပါးလှီးထားပါ)
  • အာလူး ၄ လုံး (အခွံခွာပြီး ခပ်ထူထူ လှီးထားပါ)
  • ကြက်သွန်ဖြူ ၂ လုံး (ပါးပါးလှီးထားပါ)

  • ငရုတ်ပွ ၁ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရမ်းချဉ်သီးဆော့စ် အနည်းငယ်
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေ ၁ လီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးအကြီးတစ်လုံးထဲသို့ ငရုတ်ပွ၊ အာလူး၊ ငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ကြက်ဥပြုတ်တို့ထည့်ပါ။

၂။ ထို့နောက် သံလွင်ဆီနှင့် ခရမ်းချဉ်သီးဆော့စ်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ဝိုင်ဖြူနှင့် ရေတို့ထည့်ကာ ဆူပွက်လာသည်အထိ တည်ထားပါ။

၄။ မီးအေးအေးဖြင့် မိနစ် ၃၀၊ ၃၅ မိနစ်ခန့် တည်ပြီးတဲ့နောက်မှာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၅။ ဟင်းရည်က အစပ်အဟပ် တည့်သွားတဲ့အခါ ငါးလည်း ကျက်သွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာလည်းရှိပြီး ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ ငါးစွပ်ပြုတ်ဟင်းရည်လေး ရရှိသွားပါပြီ။

Source: Healthbenefitstimes.com