ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ ထိုင်းစတိုင်လ် ငါးဖက်ထုပ် ပေါင်းလေး လုပ်စားကြည့်ရအောင်။
- ငရုတ်သီး အနှစ် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
 - အုန်းနို့ – အနစ် 1 cup
 - အုန်းနို့ – အကြည် 1/2 cup
 - ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
 - ကြက်ဥ – ၂ လုံး
 - တောရှောက်ရွက် တောက်တောက်စဉ်းထား – ၃ ရွက်
 - ငါး အသား (ကြိုက်သည့်ငါးမဆိုလုပ်လို့ရ) – ၅၀၀ ဂရမ်
 - ပင်စိမ်းရွက် – ၈ ရွက်ကနေ ၁၂ ရွက်
 - ဂေါ်ဖီထုပ် – 1.5 cup
 - ငှက်ပျောဖက် အနည်းငယ်
 - ဆန်မှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း
 
အလှဆင်ဖို့
- အုန်းနို့ ¼ Cup
 - ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
 - ငရုတ်သီး
 - နံနံပင်
 
ပြုလုပ်နည်း
ငါး၊ ငရုတ်သီး၊ ကြက်ဥ၊ အုန်းနို့၊ ထန်းလျက်၊ ငါးငံပြာရည် နဲ့ ဆန်မှုန့်တို့ကို ဇလုံး ၁လုံးထဲထည့်ပြီး နယ်ပါ။
ငှက်ပျောဖတ်ကို ခွက်ပံစံလေး လုပ်ပေးပါ။
ဂေါ်ဖီထုပ်ကို ပါးပါးလေးကို ပြုတ်၊ ရေအေးမှာ စိမ်ကာ ခွက်ပုံစံ လုပ်ထားတဲ့ ငှက်ပျောဖတ်ထဲကိုထည့်ထားပါ။ ပင်စိမ်းရွက်ကို ညှပ်ထည့်ပါ။
ပြီးရင် ခုနက နယ်ထားတဲ့ အရာကို ထည့်ပါ။
ပေါင်းအိုးထဲမှာ မိနစ်၂၀ လောက်ပေါင်းပေးပါ။
အုန်းနို့ ၁ ခွက်စာကို ဆားနဲ့ အနည်းငယ်နဲ့ ရောပြီး ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ထည့်ပြီး မီးအပူချိန် နည်းနည်းနဲ့ကြိုပါ။
ပျစ်လာရင် အပေါ်ကနေ ခုနက ပေါင်းထားတဲ့ အရာအပေါ်မှာ တင်ပါ။ငရုတ်သီးအနီ နဲ့ ရှောက်ရွက်၊ နံနံပင် ကြိုက်နှစ်သက်ရာကို အပေါ်ကနေ လှီးပြီးတင်ပါ။ ဒါဆိုရင် စားလို့ကောင်းတဲ့ ထိုင်းစတိုင် ငါးဖက်ထုပ် ပေါင်းလေးကို ရပါပြီနော်။
											
				
									




