လိုအပ်တဲ့ ပစ္စည်းကတော့

၁။ ငါး

၂။ ငါးဥ

၃။ ကြက်သွန်ဖြူ

၎။ ဖတ်ဖယ်ရွက်

၅။ ငရုပ်သီးစိမ်း

၆။ ဂျင်း

၇။ ရှမ်းနံနံပင်

၈။ စပါးလင်

၉ ။ ခရမ်းချဉ်သီး

၁၀။ ဆီ

၁၁။ ပဲငံပြာရည်

၁၂။ ဆား

၁၃။ ကြက်သွန်မြိတ်

ပြုလုပ်ပုံ အဆင်ဆင့် 

၁။ ငါးကို ဆေးကြောပြီး ဆား၊ ပဲငံပြာရည်တို့နဲ့ နှပ်ထားပါ။ စပါးလင်းကို ထုကာ ငါးပါးစပ်ထဲထည့်လိုက်ပါ။

ငါးဗိုက်ထဲထည့်ဖို့ပြုလုပ်ပုံ အဆင့်ဆင့်ကတော့

၂။ ငါး ဗိုက်ထဲက ငါးဥ နဲ့ကလီစာတွေကို မလွှင့်ပစ်ပဲ။ တောက်တောက်စင်းလိုက်ပါ။

၃။ ဂျင်း၊ ငရုပ်သီး၊ ကြက်သွန်ဖြူ ကို ရောထောင်းလိုက်ပါ။

၎။ ခရမ်းချဉ်သီးကို အတုံးတုံးလိုက်ပါ။

၅။ ဖတ်ဖယ်ရွက်၊ ရှမ်းနံနံပင်၊ ကြက်သွန်မြိတ်ကို သေးသေးလေး လှီးထားပါ။

အိုးထဲကို ဆီအနည်းငယ်ထည့်ကာ ထောင်းထားတဲ့ ဂျင်း၊ ငရုပ်သီး၊ ကြက်သွန်ဖြူကို ဆီသတ်လိုက်ပါ။ နောက် ခရမ်းချဉ်သီးကိုထည့်ပြီး အပေါ်အောက်မွှေးကာ ဆား၊ ပဲငံပြာရည် အနည်းငယ်ထည့်ပါ။ ခရမ်းချဉ်သီး ကြေသွားပါက တောက်တောက်စင်းထားတဲ့ ငါးဥတွေ၊ ငါးကလီဇာတွေကို ရောချက်လိုက်ပါ။

ငါးဥ အနံ့ အသက်မွှေးလာပြီးဆိုပါက လှီးဖြတ်ထားတဲ့ ပစ္စည်းတွေကို ထည့်လိုက်ပြီး ကြော်လိုက်ပါ။

ကြော်ထားတဲ့ ငါးဥတွေ ကျက်လာပြီး အနံ့မွှေးလာပါက။ နှပ်ထားတဲ့ ငါးရဲ့ ဝမ်းဗိုက်ထဲထည့်ကာ ပေါင်းလိုက်လို့ရပါပြီ။

တချို့ကတော့ ငါးရဲ့ အောက်အခံကို မုန့်ညင်းဖြူ ရွက်ထည့်သလို တချို့ကတော့ မှိုထည့်ပြီးပေါင်းကြပါတယ်။

ငါးကို မိနစ် ၃၀ ခန့်ပေါင်းလိုက်ရင်တော့ တော်တော်လေး မွှေးတဲ့ ငါးပေါင်းရပါပြီ။

ဒီငါးပေါင်းနည်းကတော့ အဆင့်များပေမယ့် အရမ်းစားကောင်းတဲ့ ငါးဥ ငါးပေါင်းနည်း တမျိုးပါပဲ။ ဒီအစားအစာကတော့ ရှမ်းတောင် ပင်လောင် ငါးပေါင်းနည်းပါ။ ကြိုက်နှစ်သက်မယ်လိုထင်ပါတယ်။