[Unicode]

ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ ထိုင်းစတိုင်လ် ငါးဖက်ထုပ် ပေါင်းလေး လုပ်စားကြည့်ရအောင်။

  • ငရုတ်သီး အနှစ် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • အုန်းနို့ – အနစ် 1 cup
  • အုန်းနို့ – အကြည် 1/2 cup
  • ငါးငံပြာရည်  –  စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ – ၂ လုံး
  • တောရှောက်ရွက် တောက်တောက်စဉ်းထား – ၃ ရွက်
  • ငါး အသား (ကြိုက်သည့်ငါးမဆိုလုပ်လို့ရ) – ၅၀၀ ဂရမ်
  • ပင်စိမ်းရွက် – ၈ ရွက်ကနေ ၁၂ ရွက်
  • ဂေါ်ဖီထုပ် – 1.5 cup
  • ငှက်ပျောဖက် အနည်းငယ်
  • ဆန်မှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း

အလှဆင်ဖို့

  • အုန်းနို့ ¼ Cup
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီး
  • နံနံပင်

ပြုလုပ်နည်း

ငါး၊ ငရုတ်သီး၊ ကြက်ဥ၊ အုန်းနို့၊ ထန်းလျက်၊ ငါးငံပြာရည် နဲ့ ဆန်မှုန့်တို့ကို ဇလုံး ၁လုံးထဲထည့်ပြီး နယ်ပါ။

ငှက်ပျောဖတ်ကို ခွက်ပံစံလေး လုပ်ပေးပါ။

ဂေါ်ဖီထုပ်ကို ပါးပါးလေးကို ပြုတ်၊ ရေအေးမှာ စိမ်ကာ ခွက်ပုံစံ လုပ်ထားတဲ့ ငှက်ပျောဖတ်ထဲကိုထည့်ထားပါ။ ပင်စိမ်းရွက်ကို ညှပ်ထည့်ပါ။

ပြီးရင် ခုနက နယ်ထားတဲ့ အရာကို ထည့်ပါ။

ပေါင်းအိုးထဲမှာ မိနစ်၂၀ လောက်ပေါင်းပေးပါ။

အုန်းနို့ ၁ ခွက်စာကို ဆားနဲ့ အနည်းငယ်နဲ့ ရောပြီး ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ထည့်ပြီး မီးအပူချိန် နည်းနည်းနဲ့ကြိုပါ။

ပျစ်လာရင် အပေါ်ကနေ ခုနက ပေါင်းထားတဲ့ အရာအပေါ်မှာ တင်ပါ။ငရုတ်သီးအနီ နဲ့ ရှောက်ရွက်၊ နံနံပင် ကြိုက်နှစ်သက်ရာကို အပေါ်ကနေ လှီးပြီးတင်ပါ။ ဒါဆိုရင် စားလို့ကောင်းတဲ့ ထိုင်းစတိုင် ငါးဖက်ထုပ် ပေါင်းလေးကို ရပါပြီနော်။

[Zawgyi]

ထိုင္းႏိုင္ငံမွာ နာမည္ႀကီးတဲ့ ထိုင္းစတိုင္လ္ ငါးဖက္ထုပ္ ေပါင္းေလး လုပ္စားၾကည့္ရေအာင္။

  • ငရုတ္သီး အႏွစ္ – လက္ဖက္ရည္ဇြန္း ၃ ဇြန္း
  • အုန္းႏို႔ – အနစ္ 1 cup
  • အုန္းႏို႔ – အၾကည္ 1/2 cup
  • ငါးငံျပာရည္  –  စားပြဲတင္ဇြန္း ၁ ဇြန္း
  • ၾကက္ဥ – ၂ လံုး
  • ေတာေရွာက္ရြက္ ေတာက္ေတာက္စဥ္းထား – ၃ ရြက္
  • ငါး အသား (ႀကိဳက္သည့္ငါးမဆိုလုပ္လို႔ရ) – ၅၀၀ ဂရမ္
  • ပင္စိမ္းရြက္ – ၈ ရြက္ကေန ၁၂ ရြက္
  • ေဂၚဖီထုပ္ – 1.5 cup
  • ငွက္ေပ်ာဖက္ အနည္းငယ္
  • ဆန္မႈန္႔ – စားပြဲတင္ဇြန္း ၂ ဇြန္း

အလွဆင္ဖို႔

  • အုန္းႏို႔ ¼ Cup
  • ဂ်ံဳမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ငရုတ္သီး
  • နံနံပင္

ျပဳလုပ္နည္း

ငါး၊ ငရုတ္သီး၊ ၾကက္ဥ၊ အုန္းႏို႔၊ ထန္းလ်က္၊ ငါးငံျပာရည္ နဲ႔ ဆန္မႈန္႔တို႔ကို ဇလံုး ၁လံုးထဲထည့္ၿပီး နယ္ပါ။

ငွက္ေပ်ာဖတ္ကို ခြက္ပံစံေလး လုပ္ေပးပါ။

ေဂၚဖီထုပ္ကို ပါးပါးေလးကို ျပဳတ္၊ ေရေအးမွာ စိမ္ကာ ခြက္ပံုစံ လုပ္ထားတဲ့ ငွက္ေပ်ာဖတ္ထဲကိုထည့္ထားပါ။ ပင္စိမ္းရြက္ကို ညွပ္ထည့္ပါ။

ၿပီးရင္ ခုနက နယ္ထားတဲ့ အရာကို ထည့္ပါ။

ေပါင္းအိုးထဲမွာ မိနစ္၂၀ ေလာက္ေပါင္းေပးပါ။

အုန္းႏို႔ ၁ ခြက္စာကို ဆားနဲ႔ အနည္းငယ္နဲ႔ ေရာၿပီး ဂ်ံဳမႈန္႔ စားပြဲတင္ဇြန္း ၂ ဇြန္းကို ထည့္ၿပီး မီးအပူခ်ိန္ နည္းနည္းနဲ႔ႀကိဳပါ။

ပ်စ္လာရင္ အေပၚကေန ခုနက ေပါင္းထားတဲ့ အရာအေပၚမွာ တင္ပါ။ငရုတ္သီးအနီ နဲ႔ ေရွာက္ရြက္၊ နံနံပင္ ႀကိုက္ႏွစ္သက္ရာကို အေပၚကေန လွီးၿပီးတင္ပါ။ ဒါဆိုရင္ စားလို႔ေကာင္းတဲ့ ထိုင္းစတိုင္ ငါးဖက္ထုပ္ ေပါင္းေလးကို ရပါၿပီေနာ္။