အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပဲပြား ဝက်သားကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၈ အောင်စ (လက်မဝက်အရှည်ခန့် လှီးဖြတ်ထားလိုက်ပါ)
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ရေ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)နှင့် ငရုတ်ပွအနီ တစ်လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ပဲပြား ၈ အောင်စ (အချောင်းလိုက် လှီးဖြတ်ထားပါ)
  • ပဲငံပြာရည်အနှောက် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို ပြောင်းမှုန့်၊ ရေ၊ သကြား၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်တို့ဖြင့် သမအောင် နယ်ထားပြီးနောက် ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်သားထည့်ပြီး ၅၀ ရာခိုင်နှုန်းခန့် ကျက်သွားအောင် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပါ။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူတို့ထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။ ထို့နောက် မုန်လာဥနီ၊ ငရုတ်ပွနှင့် ပဲပြားတို့ထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ စောစောက ဝက်သားကြော်များထည့်ပြီးနောက် ကြက်သွန်မြိတ်၊ ပဲငံပြာရည်အနှောက်၊ သကြား၊ နှမ်းဆီနှင့် ရေ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ပြီး အားလုံးသမသွားအောင် မွှေပေးလိုက်ပါ။

၅။ ဆားထည့်ပြီးနောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြား ဝက်သားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Thewoksoflife.com