အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမဲသားကြိုက်တဲ့သူတွေအတွက် အမဲသား ကင်ပူပူလေး လုပ်နည်းကို မျှဝေပေးချင်ပါတယ်။
အမဲသားက သွေးအားကောင်းစေတာကြောင့် သွေးအားနည်းနေတဲ့သူတွေအတွက် စားဖို့ သင့်တော်ပါတယ်။
အမဲသားကို ကြိုက်တဲ့သူတွေ အမဲသား ကင်ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- အမဲသား ၁၅ ကျပ်သား
- ကြက်သွန်မြိတ် ၂ ချောင်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်းမှ ၆ ဇွန်းခန့်
- သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
- ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
Source: Global Meat News
- နာနတ်သီးအရည် စားပွဲတင်ဇွန်း ၄ ဇွန်း
- ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
- ဂျင်း တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
Source: Penny Price Aromatherapy
- နှမ်း အနည်းငယ်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ဆား အနည်းငယ်
ပြုလုပ်နည်း
အမဲသားကို ခပ်ပါးပါးလေး လှီးလိုက်ပါ။
ပြီးရင် ကြက်သွန်မြိတ်မှလွဲပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို အားလုံး ရောလိုက်ပါ။
အဲဒီနောက် အမဲသားနဲ့ နယ်ပေးပြီး ကြက်သွန်မြိတ်ထည့်ကာ နယ်ပေးလိုက်ပါ။
ပြီးရင်တော့ အိုးကို အပူပေးပြီး ဆီလေးနည်းနည်းသုတ်လိုက်ကာ အမဲသားကို ကင်ပေးလိုက်ပါ။
ရပြီဆိုရင် ပူပူလေး သုံးဆောင်နိုင်ပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar