အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမဲသားကြိုက်တဲ့သူတွေအတွက် အမဲသား ကင်ပူပူလေး လုပ်နည်းကို မျှဝေပေးချင်ပါတယ်။

အမဲသားက သွေးအားကောင်းစေတာကြောင့် သွေးအားနည်းနေတဲ့သူတွေအတွက် စားဖို့ သင့်တော်ပါတယ်။

အမဲသားကို ကြိုက်တဲ့သူတွေ အမဲသား ကင်ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • အမဲသား ၁၅ ကျပ်သား
  • ကြက်သွန်မြိတ် ၂ ချောင်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်းမှ ၆ ဇွန်းခန့်
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း

Source: Global Meat News

  • နာနတ်သီးအရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်း တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

Source: Penny Price Aromatherapy

  • နှမ်း အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း

အမဲသားကို ခပ်ပါးပါးလေး လှီးလိုက်ပါ။

ပြီးရင် ကြက်သွန်မြိတ်မှလွဲပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို အားလုံး ရောလိုက်ပါ။

အဲဒီနောက် အမဲသားနဲ့ နယ်ပေးပြီး ကြက်သွန်မြိတ်ထည့်ကာ နယ်ပေးလိုက်ပါ။

ပြီးရင်တော့ အိုးကို အပူပေးပြီး ဆီလေးနည်းနည်းသုတ်လိုက်ကာ အမဲသားကို ကင်ပေးလိုက်ပါ။

ရပြီဆိုရင် ပူပူလေး သုံးဆောင်နိုင်ပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar