အားလုံးပဲ မင်္ဂလာပါ။ ဝမ်းဗိုက်က အဆီပိုတွေကို ချေဖျက်ပြီး ဝမ်းဗိုက်ချပ်ရပ်လှပချင်သူများအတွက် ဒီတစ်ခါမှာတော့ အဆီကျစေမယ့် သစ်သီးဖျော်ရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နာနတ်သီး ပန်းကန်လုံး ၁ လုံးစာ
  • သခွားသီး ၁ လုံး
  • ပန်းဂေါ်ဖီ ပန်းကန်လုံး ၁ လုံးစာ
  • မုန်လာဥနီ ၂ လုံး
  • တရုတ်နံနံ ၂ ချောင်း

  • နနွင်းမှုန့် လက်တစ်ဖျစ်စာခန့်
  • ဟင်းနုနွယ် ပန်းကန်လုံး ၁ လုံးစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး နာနတ်သီးကို အနေတော် အတုံး တုံးလိုက်ပါ။

သခွားသီးကို အခွံခွာပြီး ပါးပါးလှီးထားပါ။

ဂေါ်ဖီထုပ်ကို ရေဆေးပြီးနောက် ဓားဖြင့် ပါးပါးလှီးထားပါ။

၂။ မုန်လာဥနီကို ရေဆေးပြီး အခွံကို ဓားဖြင့် မွှန်းထားပါ။ ထို့နောက် ပါးပါးလှီးပါ။

တရုတ်နံနံနှင့် ဟင်းနုနွယ်ရွက်တို့ကိုလည်း ရေဆေးပါ။ တရုတ်နံနံကို ပါးပါးလှီးပြီးနောက် ဟင်းနုနွယ်ကို အရွက်နှင့် ရိုးတံများ ခြွေထားပါ။

၃။ ရရှိလာတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတို့ကို ဖျော်စက်ထဲထည့်ပြီးနောက် အနှစ်များရလာအောင် ဖျော်ပေးလိုက်ပါ။

၄။ ထို့နောက် ဖန်ခွက်ထဲ ပြောင်းထည့်ကာ နနွင်းမှုန့်လေးများ ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ဝမ်းဗိုက်က အဆီပိုတွေကို ချေဖျက်ပေးမယ့် သီးစုံ ဟင်းရွက်ဖျော်ရည်လေး ရရှိသွားပါပြီ။

Source: Pinterest.com