အားလုံးပဲ မင်္ဂလာပါ။ တစ်ယေက်စာ ကိတ်မုန့်အချိုပွဲလေးကို ၅ မိနစ်အတွင်း အမြန်လုပ်လို့ရတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဂျုံမှုန့်အသုံးပြုစရာမလိုတဲ့အပြင် ပါဝင်ပစ္စည်းတွေကလည်း အလွယ်တကူရှာဝယ်လို့ရတဲ့အတွက်ကြောင့် မိမိအိမ်မှာပဲ စိတ်ကြိုက်လုပ်စားနိုင်တဲ့ မြေပဲထောပတ် ချောကလက်ကိတ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်ဥ ၁ လုံး
  • အတုံးသေးသေးလေးများ တုံးထားသော ချောကလက် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မိုက်ခရိုဝေ့ဖ်ထဲထည့်ထားလို့ရမယ့် မတ်ခွက်အကြီးထဲသို့ မြေပဲထောပတ်၊ သကြားညို၊ မုန့်ဖုန်ပေါင်ဒါနှင့် ကြက်ဥတို့ကို မုန့်နှစ်ဖြစ်သွားသည်အထိ မွှေခလောက်ပေးလိုက်ပါ။

၂။ ထို့နောက် ချောကလက် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ရောမွှေပေးလိုက်ပါ။ ကျန်ရှိတဲ့ ချောကလက် စားပွဲတင်ဇွန်း ၁ ဇွန်းကို အပေါ်ကနေ ဖြူးထည့်လိုက်ပါ။

၃။ ထို့နောက် ထိုမတ်ခွက်ကို မိုက်ခရိုဝေ့ဖ်ထဲတွင် ၁ နာရီ ၁၅ စက္ကန့်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ မြေပဲထောပတ် ချောကလက်ကိတ်လေး ရရှိသွားပါပြီ။

ဒီနေရာမှာ တစ်ခုအကြံပေးချင်တာကတော့ မိမိအသုံးပြုမယ့်ချောကလက်က ကွာလတီကောင်းတဲ့ချောကလက်ကို အသုံးပြုပေးဖို့ပါ။ အချို့အရည်အသွေးမကောင်းတဲ့ချောကလက်တွေက ကိတ်မုန့်ထဲမှာ အရည်ပျော်မသွားဘဲ မာတောင့်တောင့်ကြီး ကျန်ခဲ့တဲ့အတွက် သင့်ကိတ်မုန့်က စားလို့မကောင်းဘဲနေပါလိမ့်မယ်။

Source: Kirbiecravings.com